လားရှိုး သြဂုတ်- ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေပေးအပ်ခြင်း၊ ပရဟိတဂေဟာများ၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအား ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် တိုင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များအား ထောက်ပံ့ငွေပေးအပ်ခြင်းကို သြဂုတ်(၂၉)ရက်နံနက်(၉)နာရီက လားရှိုးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
ထောက်ပံ့ပေးအပ်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများဖြစ်သည့် ဘိုးဘွားရိပ်သာ(၁)ခုအတွက် ကျပ်(၄.၃၂)သန်း ၊ ပရဟိတဂေဟာ(၁၃)ခုအတွက် (၉၉.၂၆)သန်း ၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း(၉၀)ကျောင်း အတွက် (၈၆.၄၀)သန်းတို့ကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့်၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအတွက် လားရှိုးခရိုင်အတွင်းရှိ ကိုယ်ဝန်ဆောင်(၂၄၅၆)ဦးနှင့် ကလေး(၅၀၈၇)ဦး တို့အတွက် ထောက်ပံ့ငွေကျပ်သန်းပေါင်း(၃၂၄.၃၉)သန်း ၊ ကျောက်မဲခရိုင်အတွင်း ကိုယ်ဝန်ဆောင်(၃၂၅၈)ဦး၊ကလေး(၆၉၀၄)ဦး ထောက်ပံ့ငွေ ကျပ်သန်းပေါင်း (၄၃၈.၇၆)သန်း အားလည်းကောင်း ၊ မူဆယ်ခရိုင်အတွင်း ကိုယ်ဝန်ဆောင်(၁၁၃၅)ဦး ၊ ကလေး(၁၅၃၆)ဦးတို့အတွက် ထောက်ပံ့ငွေ ကျပ်သန်းပေါင်း(၁၁၇.၀၁)သန်း အားလည်းကောင်း ၊ လောက်ကိုင်ခရိုင်အတွင်း ကိုယ်ဝန်ဆောင်(၃၂)ဦးနှင့် ကလေး(၂၃၆)ဦးတို့အတွက် ထောက်ပံ့ငွေ ကျပ်သန်းပေါင်း(၁၁.၅၀)သန်းအားလည်းကောင်း ၊ မိုးမိတ်ခရိုင်အတွင်း ကိုယ်ဝန်ဆောင်(၄၉၆)ဦး ၊ ကလေး(၈၀၉)ဦးတို့အတွက် စုစုပေါင်း ထောက်ပံ့ငွေ ကျပ်သန်းပေါင်း(၅၆.၆၂)သန်း ထောက်ပံ့ပေးအပ်သွားမှာဖြစ်ကြောင်း ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း စုစုပေါင်း ထောက်ပံ့ငွေ ကျပ်သန်ပေါင်း(၉၄၈.၃၀)သန်းတိတိတို့အား ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ် လူမှုဝန်ထမ်းရုံး ၊ ညွှန်ကြားရေးမှူး ဦးဇော်မင်းက ထောက်ပံ့ကြေး ပေးရခြင်းအကြောင်းနှင့် ပတ်သက်၍ ရှင်းလင်းပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေပေးအပ်ခြင်း ၊ ပရဟိတဂေဟာများနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအား ထောက်ပံ့ငွေပေးအပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဆင်းရွှေလီဘိုးဘွားရိပ်သာ ၊ လားရှိုးခရိုင်အတွင်းရှိ ပရဟိတဂေဟာ(၇)ခု၊ ကျောက်မဲခရိုင်အတွင်းရှိ ပရဟိတဂေဟာ(၂)ခု၊ မူဆယ်ခရိုင်အတွင်းရှိ ပရဟိတဂေဟာ(၄)ခုတို့ကို ထောက်ပံ့ပေးအပ်၍ လည်းကောင်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးက လားရှိုးခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း(၅၂)ကျောင်း၊ ကျောက်မဲခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း(၂၉)ကျောင်း ၊ မူဆယ်ခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း(၇)ကျောင်းတို့ကို ထောက်ပံ့ပေးအပ်၍လည်းကောင်း၊ လောက်ကိုင်ခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း(၁)ကျောင်း၊ မိုးမိတ်ခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း(၁)ကျောင်း၊ လားရှိုးခရိုင်၊ ကျောက်မဲခရိုင်၊ မူဆယ်ခရိုင်၊ လောက်ကိုင်ခရိုင်၊ မိုးမိတ်ခရိုင်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော ကလေးများ ပြည်နယ်ဝန်ကြီးများက ထောက်ပံ့ပေးအပ်၍လည်းကောင်း ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အဖွဲ့များအား ထောက်ပံ့ရာ “ဝ”စာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီအဖွဲ့ (ရှမ်းမြောက်) ၊ မြောင်ဇီး(ခ)မှုန့် ယဉ်ကျေးမှုအဖွဲ့၊ လားဟူ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့အား ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ်တင်ကိုကိုက ထောက်ပံ့ပေးအပ်၍လည်းကောင်း၊ ပလောင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ၊ ကချင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ရှမ်းမြောက်)တို့အား ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံက ပေးအပ်၍ လည်းကောင်း ၊ လားရှိုးမြို့မှ ကိုယ်ဝန်ဆောင်(၂)ဦးနှင့် လားရှိးမြို့မှ အသက်(၂)နှစ်အောက် ကလေးသူငယ်(၂)ဦးအား ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်းက ထောက်ပံ့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများကိုယ်စား ကိုယ်စား လှယ်တစ်ဦးနှင့် တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များ ကိုယ်စား ကိုယ်စားလှယ်တစ်ဦးတို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး