မိုင်းဆတ် ဧပြီ- ၂၃
မိုင်းဆတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဌ ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီထွေးသည် ဧပြီ၂၃ရက်နေ့၊ နေ့လည်၁နာရီခွဲအချိန်တွင် ခရိုင်/ မြို့နယ်စိုက်ပျိုးရေး၊ ခရိုင်/ မြို့နယ်မွေးကု၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ အခမ်းအနားပြင်ဆင်ရေးကော်မတီမှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၄ ခုနှစ်၊ မေလ(၁)ရက်နေ့ တွင်ကျရောက်မည့် အလုပ်သမားနေ့ အထိမ်းအမှတ်အဖြစ် မိုင်းဆတ်မြို့နယ်၏ စိုက်ပျိုးရေးထုတ်ကုန်၊ မွေးမြူရေးထုတ်ကုန်၊ အိမ်တွင်းမှုလုပ်ငန်းထုတ်ကုန်၊ အစားအသောက်ထုတ်ကုန်၊ (ရှမ်း၊လားဟူ၊အာခါ) တိုင်းရင်းသားရိုးရာ အသုံးအဆောင်ပစ္စည်း ထုတ်ကုန်များအား (MSME)ပြခန်းများဖြင့် ခင်းကျင်းပြသမည့် ခရိုင်အား/ကာ၏ မိုးလုံလေလုံအားကစားခန်းမသို့ ကွင်းဆင်းကြည့်ရှု့စစ်ဆေး၍ လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး