ကျိုင်းတုံ မေ-၂၅
ကျိုင်းတုံမြို့၊ အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်းတွင် အပတ်စဉ်စနေနေ့တိုင်း ကျင်းပပြုလုပ်သည့် ဌာနဆိုင်ရာစုပေါင်း သန့်ရှင်းရေးပွဲကို မေလ(၂၅) ရက်၊ နံနက်(၇) နာရီခွဲမှ (၈)နာရီထိ ကျင်းပခဲ့သည်။
၎င်းသန့်ရှင်းရေးပွဲကို တပ်ရင်း/ တပ်ဖွဲ့များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား (၃၅၀) ဦးခန့်ဖြင့် စာသင်ခန်းများအတွင်းအပြင် သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ခြုံနွယ်ပိတ်ပေါင်းများရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းများ ဆောင်ရွက်ခြင်းအား ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ၊ ဥက္ကဋ္ဌသည် တိုင်းမှူး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်နှင့် စစ်ဘက်အရာရှိကြီးများ၊ နယ်ဘက်ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့်အတူ သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးအားပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့