တောင်ကြီး ဇွန်-၁၅
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဖွင့်လှစ်သည့် အခမ်းအနားမှူးသင်တန်းအမှတ်စဥ် (၂/၂၀၂၄)နှင့် အခြေခံစာကြည့်တိုက်ပညာသင်တန်း အမှတ်စဥ် (၂/၂၀၂၄)ဆင်းပွဲကို ဇွန်(၁၅)ရက် နံနက်(၁၀)နာရီခွဲက တောင်ကြီးမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က စာကြည့်တိုက်များကို လက်တွေ့တာဝန်ယူဆောင်ရွက်နေကြသည့် စာကြည့်တိုက်မှူးများအနေဖြင့် စာကြည့်တိုက်ပိုင်းဆိုင်ရာပညာရပ်များကို လက်တွေ့အသုံးချပြီး မိမိတို့တာဝန်ယူဆောင်ရွက်နေရသည့် စာကြည့်တိုက်များ ရေရှည်ရှင်သန်ခိုင်မာ ဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းဆောင်ရွက်ပေးကြရန်၊ ပြည်သူတွေစာပေများ အလွယ်တကူ လက်လှမ်းမီ လေ့လာဖတ်ရှုနိုင်အောင် စည်းရုံးဆောင်ရွက်ပေးကြရန်နှင့် အခမ်းအနားမှူးသင်တန်းကို တက်ရောက်ခဲ့ကြသည့် သင်တန်းသားသင်တန်းသူများအနေဖြင့် အခမ်းအနားမှူးနှင့်သက်ဆိုင်သည့် ပညာရပ်များကို ဆက်လက်ဆည်းပူးလေ့လာကြရန်၊ သင်တန်းက လေ့ကျင့်ပေးသည့် စာတွေ့၊ လက်တွေ့သင်ခန်းစာများကို မိမိတို့ကိုယ်တိုင်အခမ်းအနားမှူးအဖြစ် တာဝန်ယူဆောင်ရွက်သည့်နေရာတွင် အကျိုးရှိစွာ အသုံးချပေးကြရန်ပြောကြားသည်။
ဆက်လက်၍ အခြေခံစာကြည့်တိုက်ပညာသင်တန်းတွင် မေတ္တာဖြင့် ကူညီဆောင်ရွက်ပေးခဲ့ကြသည့် သင်တန်းနည်းပြများအား ဂုဏ်ပြုလက်ဆောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစိုးညွန့်ရွှေက ပေးအပ်၍လည်းကောင်း၊ အခမ်းအနားမှူးသင်တန်းတွင် မေတ္တာဖြင့် ကူညီဆောင်ရွက်ပေးခဲ့ကြသည့် သင်တန်းနည်းပြများအား ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးတို့ကလည်းကောင်း၊ အခမ်းအနားမှူးသင်တန်းနှင့် အခြေခံစာကြည့်တိုက်ပညာသင်တန်းတွင် နှစ်သိမ့်ဆုရရှိသူများအား ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကလည်းကောင်း၊ အခမ်းအနားမှူးသင်တန်းနှင့် အခြေခံစာကြည့်တိုက်ပညာသင်တန်းတွင် တက်ရောက်အောင်မြင်ခဲ့သည့် သင်တန်းသား၊ သင်တန်းသူများ ကိုယ်စားသင်တန်းသား(၂)ဦးအား သင်တန်းဆင်းလက်မှတ်များကို ပြည်နယ်လူမှုရေးရာဝန်ကြီးက လည်းကောင်း၊ အခမ်းအနားမှူးသင်တန်းနှင့် အခြေခံစာကြည့်တိုက်ပညာသင်တန်းတွင် နှစ်သိမ့်ဆုနှင့် တတိယဆု ရရှိသူများကို ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးတို့ကလည်းကောင်း၊ တတိယဆုရရှိသူများကို ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း၊ ဒုတိယဆုရရှိသူများကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ကလည်းကောင်း၊ ပထမဆုရရှိသူများကို ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်တို့က အသီးသီး ဆုများချီးမြှင့်ပေးကြပြီး သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူနှစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်းသိရသည်။
အဆိုပါအခမ်းအနားမှူးသင်တန်းနှင့် အခြေခံစာကြည်တိုက်သင်တန်း ပထမအကြိမ်တွင် အခမ်းအနားမှူး သင်တန်းသား၊ သင်တန်းသူ(၅၃)ဦး၊ အခြေခံစာကြည့်တိုက်ပညာသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ(၅၀)ဦး၊ ဒုတိယအကြိမ်တွင်ဖွင့်လှစ်သော အခမ်းအနားမှူး သင်တန်းသား၊ သင်တန်းသူ(၅၀)ဦး၊ အခြေခံစာကြည့်တိုက်ပညာ သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ (၅၄)ဦး တက်ရောက်ကြပြီး သင်တန်းတစ်ခုလျှင် သင်တန်းသား၊ သင်တန်းသူ(၁၀၀)ကျော်စီ လေ့ကျင့်မွေးထုတ်ပေးခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့