ဟိုမိန်း မေ ၂၅
၂၀၂၄-၂၀၂၅ ပညာသင်နှစ် ၊ ကျောင်းဖွင့်ရာသီတွင် ကျောင်းသားကျောင်းသူများ ၊ အဆင်ပြေ ချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လင်းခေးခရိုင် ၊ ဟိုမိန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မေလ(၂၅)ရက် နံနက် ၇ နာရီက အမှတ်(၃)လှုပ်ရှားစစ်ဗျူဟာမှူးဗိုလ်မှူးကြီး သန့်ဇော်ထွန်းနှင့် တပ်မတော် သားများ ၊ မြို့ရဲတပ်ဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် (SSS) ပြည်သူ့စစ်ဌာနေ ဒုဥက္ကဋ္ဌ ဦးခွန်တိုးအောင်နှင့် တပ်ဖွဲ့ဝင်များက စုပေါင်းသန့်ရှင်းရေး ဆောင် ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းဝင်းအတွင်း/အပြင်ရှိ ချုံနွယ် ပေါင်းမြက်များအား ရှင်းလင်း ခြင်း ၊ ရေစီးရေလာကောင်းမွန်စေရေး ရေနှုတ်မြောင်းများ ရှင်းလင်းခြင်း ၊ အန္တရာယ်ရှိသည့် သစ်ပင် သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း ၊ အမှိုက်များအား သယ်ဆောင်စွန့်ပစ်ခြင်း ၊ စာသင်ခန်း အတွင်း အမှိုက်များလှဲကျင်းခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းနှင့် အဆိုပါသန့်ရှင်းရေးကို စာသင်ကျောင်းများ ၊ ဘုရားစေတီများ ၊ အများပြည်သူဆိုင်ရာနေရာများသို့ အပတ်စဉ်သန့်ရှင်းရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့