ဟိုမိန်း ဒီဇင်ဘာ ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊လင်းခေးခရိုင်၊ဟိုမိန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်းမှ Youth Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ဒေါက်တာခင်မောင်ညို၏ လူငယ်နှင့်အကောင်းဆုံးဘဝကိုတည်ဆောက်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀နာရီက အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဒုတိယဦးစီးမှူးဒေါ်အေးထက်ထက်ထွန်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းကြောင့် လူငယ်လူရွယ်များ စာပေမှရရှိသော အသိပညာဗဟုသုတများရရှိ၍ အကျိုးကျေးဇူးကောင်းများ ရရှိလာခြင်းစသည့် ရည်ရွယ်ချက်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စာရေးဆရာဒေါက်တာခင်မောင်ညိုရေးသားသောလူငယ်နှင့်အကောင်းဆုံးဘဝကို တည်ဆောက်ခြင်းစာအုပ်ပါအကြောင်းအရာမှ Youth Clubအဖွဲ့ဝင် မောင်ဟန်နိုင်စိုးက လူငယ်နှင့်အမှားခေါင်းစဉ်ဖြင့်လည်းကောင်း ၊ မဖြူဖြူဆွေက လူငယ်နှင့်အောင်မြင်ခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊မောင်ငြိမ်းချမ်းအောင်က လူငယ်နှင့်စူးစမ်းစိတ်ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ မနန်းမွေနွမ်းက လူငယ်နှင့်အလှအပခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြသည်။ထို့နောက် တက်ရောက်လာသော Youth Club အဖွဲ့ဝင်များမှ သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး