ဟိုမိန်း နိုဝင်ဘာလ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လင်းခေးခရိုင် ၊ ဟိုမိန်းမြို့တွင် လှုပ်ရှားအမှတ်(၃)စစ်ဗျူဟာ ၊ မြို့အဆင့်ဌာနဆိုင်ရာများ ၊ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်များဦးဆောင်၍ နိုဝင်ဘာလ(၁၈)ရက် နံနက်၇နာရီက အမှတ်(၂)ရက်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့သည်။
စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် လှုပ်ရှားအမှတ်(၃)စစ်ဗျူဟာတပ်ဖွဲ့ဝင်များ ၊ မြို့အုပ် ချုပ်ရေးမှူး ဦးသူရအောင်နှင့်ဝန်ထမ်းများ ၊ ရဲတပ်ဖွဲ့ဝင်များ ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ ကျန်းမာရေး ဝန်ထမ်းများ ၊ မြို့အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ ၊ ဟိုမိန်းမြို့ဌာနေပြည်သူ့စစ် တပ်ဖွဲ့ဝင်များ ၊ သက်ဆိုင်ရာကျောင်းအုပ်ကြီးနှင့်ဆရာ/ဆရာမများ ၊ ကျောင်းသား/ ကျောင်းသူများ စုပေါင်းကာ ကျောင်းဝန်းအတွင်းအပြင် ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးတို့အတွက် မြက်ပင် ၊ ပေါင်းပင်များရှင်းလင်းခြင်း ၊ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ခြင်း ၊ အမှိုက်ခြောက်များမီးရှို့ခြင်း ၊ အမှိုက်များစနစ်တကျစွန့်ပစ်ခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး