ဟိုမိန်း ဧပြီ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လင်းခေးခရိုင် ၊ ဟိုမိန်းမြို့ တိုက်နယ်ဆေးရုံ၌ နှစ်သစ်ကူးအပြီး စုပေါင်းသန့်ရှင်းရေးကို ဧပြီလ(၂၀)ရက် နံနက် ၈နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် လှုပ်ရှားအမှတ်(၃)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သန့်ဇော်ထူး ဦးဆောင်၍ မြို့အုပ်ချုပ်ရေးမှူးဦးသူရအောင်နှင့်ဝန်ထမ်းများ ၊ မြို့အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ ၊ မြို့ရဲတပ်ဖွဲ့ဝင်များ ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းကာ ဆေးရုံဝင်းအတွင်း အပြင်ရှိ မြက်ပင် ၊ ပေါင်းပင်များရှင်းလင်းခြင်း၊ သစ်ပင်ခြုံနွယ်များခုတ်ထွင်ခြင်း ၊ အမှိုက်ခြောက်များ မီးရှို့ခြင်း ၊ အမှိုက်များ စနစ်တကျ စွန့်ပစ်ခြင်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး