ဟိုမိန်း အောက်တိုဘာ ၁၉
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့တွင် မြို့မဈေးအတွင်းနှင့် မြို့ပေါ်ရပ်ကွက်ရှိ ဈေးဆိုင်ခန်း များတွင် ရောင်းချလျက်ရှိသော ဈေးဆိုင်များ၊ ဆေးဆိုင်များ၊ ကုန်စုံဆိုင်များ၊ စတိုးဆိုင်များ၊ ကုန်ပဒေသာဆိုင်များ၊ အိမ်ဆိုင်များ တွင် ကျန်းမာရေးနှင့် ညီညတ်စွာရောင်းချခြင်းနှင့် ရက်လွန်မှုရှိ/မရှိကို အောက်တိုဘာလ(၁၉)ရက် နံနက်၈နာရီက တာဝန် ရှိသူများ ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် ဝယ်ယူစားသုံးသူများ စိတ်ချယုံကြည်စွာ ဝယ်ယူစားသုံးနိုင်စေရန် ၊ ကျန်းမာရေးနှင့် ညီညွှတ်စေရန်၊ သတ်မှတ်ရက်ကျော်လွန်နေသော စားသောက်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေးအတွက် စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ဆေးရေးအဖွဲ့တွင် ဟိုမိန်းမြို့အုပ်ချုပ်ရေးမှူး ဦးသူရအောင်နှင့် ဝန်ထမ်းများ၊ မြို့ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဟိုမိန်းပြည်သူ့ဆေးရုံ တာဝန်ခံဆရာဝန်ကြီးနှင့်အဖွဲ့၊ ဌာနဆိုင်ရာမှ ဝန်ထမ်းများ၊ ရပ်ကွက်(၁)အုပ်ချုပ်ရေးမှူး ဦးခွန်စစ်ဆမ်နှင့်အဖွဲ့ဝင်များ ပူးပေါင်းစစ်ဆေးခဲ့ပြီးနောက် ဟိုမိန်းပြည်သူ့ဆေးရုံတွင် တာဝန်ခံဆရာဝန်ကြီး ဒေါက်တာစိုင်းခေးရွက်က ဓာတ်မှန်ရိုက်ရာတွင် အသုံးပြုသည့် စက်ပစ္စည်းကိရိယာများ တပ်ဆင် ဆောင်ရွက်မှုအခြေအနေကို ပြသရာကြည့်ရှု့အား‌ပေးပြီး လိုအပ်သည်များမှာကြား၍ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး