ဟိုမိန်း ဇွန် ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လင်းခေးခရိုင် ၊ ဟိုမိန်းမြို့တွင် စာပေဖတ်ရှုသူအချင်းချင်း ရင်းနှီးမှုရှိစေရန် ၊ စာပေဖတ်ရှုခြင်းမှတဆင့် လူငယ်လူရွယ်များ အသိပညာဖလှယ်နိုင်စေရန် ၊ စာပေ ဖတ်ရှုခြင်း အလေ့အကျင့်ကောင်းများ ရရှိစေရန် ၊ အသိပညာဗဟုသုတတိုးပွားရရှိစေရန် ရည်ရွယ်၍ စာရေးဆရာလယ်တွင်းသား စောချစ်၏ “ပန်းလိုချင် အပင်ကိုပျိုးတတ်မှ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ဇွန်လ(၁၈)ရက် နံနက် ၉နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ပြုလုပ်သည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လင်းခေးခရိုင် ၊ ဟိုမိန်းမြို့ ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်အေးထက်ထက်ထွန်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် ပန်းလိုနုနယ် ကလေးငယ် ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော စာပေချစ်မြတ်နိုးသူ(Book Club)အဖွဲ့ဝင်နှင့်လူငယ်(Youth Club) အဖွဲ့ဝင် များက စာရေးဆရာလယ်တွင်းသားစောချစ်၏ ပန်းလိုချင် အပင်ပျိုးတတ်မှ စာအုပ်တွင် ပါဝင်သည့် ကလေးနှင့်ပညာရေး ၊ ကျောင်းနေပျော်၍ စာတော်ပါစေ ၊ ကလေးနှင့်ကျောင်းထားချိန် ၊ မိဘဆရာရိုသေပါ ၊ ကလေးစာပေ တင့်ပါစေ စသည့် စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေး ပြောကြားပြီး သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် စာဖတ်ဝိုင်းသို့တက်ရောက်လာသူများမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ဝင်တစားလေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့