တောင်ကြီး ဇွန် ၂၈
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁/၂၀၂၄) ကတိသစ္စာခံယူပွဲနှင့် ကျောင်းဆင်းပွဲစစ်ရေး ပြအခမ်းအနားကို ဇွန်(၂၈)ရက် နံနက်(၇)နာရီက ရှမ်းပြည်နယ်၊ ဟိုပုံးမြို့ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း စစ်ရေးပြကွင်း၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ဟိုပုံးတပ်မ တော်ကွန်ပျူတာနှင့်နည်းပညာနည်းပညာသိပ္ပံကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သိန်းနိုင်နှင့် တပ်မတော် အရာရှိကြီးများ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ဒေသခံပြည် သူများနှင့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်း သင်တန်းသားများက တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းအုပ်ကြီးအား အလေးပြုကြပြီး အခမ်းအနားတက်ရောက်လာသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို အလေးပြုကြ၍ တပ်မတော်ကွန်ပျူတာနှင့်နည်းပ ညာသိပ္ပံကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သိန်းနိုင်က ပြည့်သူ့စစ်မှုထမ်းသင်တန်း ဆင်းတပ်ခွဲအား ကြည်ရှု့စစ်ဆေးခဲ့သည်။
ဆက်လက်၍ သင်တန်းဆင်းတပ်ခွဲက ကတိသစ္စာခံယူ၍ တပ်မတော်ကွန်ပျူတာနှင့် နည်းပ ညာသိပ္ပံကျောင်းအုပ်ကြီးက သင်တန်းထူးချွန်ဆု ရရှိခဲ့ကြသူများအား တစ်ဦးချင်းဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းအုပ်ကြီးက သင်တန်းဆင်း မိန့်ခွန်းပြောကြားပြီးနောက် သင်တန်းဆင်းတပ်ခွဲက တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ ကျောင်းအုပ်ကြီးအား စစ်ကြောင်းပုံစံဖြင့် ချီတက်အလေးပြုခဲ့ကြသည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က စားရိပ်သာခန်း မ၌ ပြည့်သူ့စစ်မှုထမ်းသင်တန်းများအား ကြိုဆိုဂုဏ်ပြုစကားပြောကြားပြီး ဟိုပုံးတပ်မတော်ကွန် ပျူတာနှင့်နည်းပညာနည်းပညာသိပ္ပံကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သိန်းနိုင်နှင့် တပ်မတော်အရာရှိ ကြီးများ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌတို့က ပြည့်သူ့စစ်မှုထမ်းသင်တန်းဆင်း သင်တန်းသားများနှင့်အတူတကွ လက်ဖက်ရည် သုံးဆောင်ခဲ့ကြပြီး ပြည်နယ်က သင်တန်းသားများအတွက် ဂုဏ်ပြုထောက်ပံ့ငွေပေးအပ်ရာ တပ်မ တော်ကွန်ပျူတာနှင့်နည်းပညာနည်းပညာသိပ္ပံကျောင်းအုပ်ကြီးက လက်ခံရယူခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့