ဟိုပုံး နိုဝင်ဘာ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၃ ခုနှစ် အမျိုးသားအဆင့် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းလုပ်ငန်းဖွင့်ပွဲကို နိုဝင်ဘာလ(၁)ရက် နံနက် ၉နာရီအချိန်က ဟိုပုံးမြို့၊ တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင်ပြုလုပ်သည်။
အခမ်းအနားတွင် ဟိုပုံးမြို့နယ်တွင် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းမှ အဖွင့်အမှာစကားပြောကြားပြီးနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီ အတွင်းရေးမှူး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ နီနီဝင်းမှ တိရစ္ဆာန်ကောင်ရေစာရင်းယူရေးလုပ်ငန်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြား သည်။ ထို့နောက် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာ သီဟထွန်းမှ ဟိုပုံးမြို့နယ်အတွင်း တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရေးလုပ်ငန်းနှင့် ပတ်သက်သည်များကို အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။ ဟိုပုံးမြို့နယ်တွင် ကျေးရွာအုပ်စု (၁၄)အုပ်စုမှ ကျေးရွာ(၃၇)ရွာ၊ ရပ်ကွက်(၁)ရပ်ကွက်၊ အိမ်ထောင်စု(၃၇၉၇)စုကို စာရင်းကောက် (၈၅)ဦးဖြင့် ကောက်ယူသွားမည်ဖြစ်ကြောင်းသိရသည်။
၂၀၂၃ ခုနှစ် အမျိုးသားအဆင့် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းလုပ်ငန်း လုပ်ငန်းများဆောင်ရွက်ရခြင်းမှာ မြန်မာနိုင်ငံ၏ တိရစ္ဆာန်ကောင်ရေနှင့် တိရစ္ဆာန်ထွက်ပစ္စည်း များထုတ်လုပ်မှုစာရင်းဇယားများအား အတည်ပြုထုတ်ပြန်နိုင်ရန်နှင့် တိရစ္ဆာန်ကောင်ရေ တိုးပွားမှုဆိုင်ရာတွက်ချက်မှုစံနှုန်းများအားသုံးသပ်ပြင်ဆင်နိုင်ရန်ရည်ရွယ်၍ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်းနှင့် အဆိုပါ တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းလုပ်ငန်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ(၁)ရက်နေ့မှ ဒီဇင်ဘာလ(၃၁)ရက်နေ့အထိဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
အခမ်းအနားသို့ ဟိုပုံးမြို့နယ်တိရစ္ဆာန်ကောင်ရေစာရင်းကောက် ယူရေးကော်မတီ ဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်စာရင်းကောက်များ တက်ရောက်ခဲ့ကြောင်းသိရ သည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး