ဟိုပုံး နိုဝင်ဘာ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နာဂပုရသာသနာလင်္ကာရအသင်းကြီးမှ ကြီးမှူး၍ ကျင်းပသော မြန်မာနိုင်ငံလုံးဆိုင်ရာ တတိယ အကြိမ်မြောက် နာဂပုရသာသနာလင်္ကာရသာမဏေကျော်စာမေးပွဲကျင်းပပြုလုပ်နိုင်ရန်တွက် ကြိုတင်ပြင်ဆင်နေမှုအား ယနေ့နံနက် ၈ နာရီအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဟိုပုံးမြို့ တပ်နယ်ကွက်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များမှ အရာရှိစစ်သည်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာ ရေးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့များ၊ နောင်တောင်းပရဟိတတပ်ဦးဘုန်း တော်ကြီး သင်ပညာရေးကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများ စုစုပေါင်း အင်အား(၁၅၀၀)ဖြင့် နိုဝင်ဘာလ (၁၃)ရက်နေ့တွင် တတိယအကြိမ်မြောက် နာဂပုရသာသနာ လင်္ကာရသာမဏေကျော်စာမေးပွဲ ကျင်းပပြုလုပ်မည့် နောင်တောင်းပရဟိတတပ်ဦးကျောင်း အတွင်း အမှိုက်များရှင်းလင်းခြင်း၊ ဘုန်းတော်ကြီးကျောင်း ဆောင်မုဒ်ဦးအဝင်အား သန့်ရှင်းရေး ဆောင်ရွက်ခြင်း ၊ ယာဉ်ရပ်နားမည့်နေရာအား ခြုံနွယ်ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ နောင်တောင်း ပရဟိတတပ်ဦးကျောင်းအတွင်းရှိ တောင်ပေါ်စေတီအတက်လမ်းတို့ကို စုပေါင်း သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ စာမေးပွဲကျင်းပမည့်နေရာအား အခမ်းအနားများပြင်ဆင်ခြင်း၊ ကော်ဇောခင်းကျင်းခြင်း၊ ခုံများနေရာချထားခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ သန့်ရှင်းရေးဆောင်ရွက်နေမှုအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ညီညီတင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးနေမျိုးလှိုင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခဲ့ ကြောင်းသိရသည်။
ဟိုပုံးမြို့နယ်တွင် နာဂပုရသာ သနာလင်္ကာရသာမဏေကျော်စာမေးပွဲကို မြန်မာနိုင်ငံ အရပ်ရပ်မှ ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း( ၂၃၂၇)ပါး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ပြီး နိုဝင်ဘာလ(၁၃) ရက်နေ့မှ နိုဝင်ဘာလ(၁၈)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး