ဟိုပုံး နိုဝင်ဘာ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် လူငယ် စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က တိလုံကျေးရွာအုပ်စု၊ ဆိုက်ခေါင် ကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ဆိုက်ခေါင်ကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းအုပ် ဆရာမကြီး ဒေါ်စန္ဒာဝင်းက အဖွင့်အမှာစကားပြောကြားပြီးနောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်အိအိသန်းက လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုတဲ့ ဗလငါးတန်ဖွံဖြိုးတိုးတက်ပြီး အသိပညာ၊ အတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုးများကို မြင့်တင်စေရန် လူငယ်စကားဝိုင်းများကို ကျင်းပပြုလုပ်ပေးခြင်းဖြစ်ပါကြောင်း၊ ယနေ့လူငယ် စကားဝိုင်းမှ “လူငယ်နှင့် ဆိုရှယ်မီဒီယာ၊ လူငယ်နှင့်အားကစား” ခေါင်းစဉ်တို့ဖြင့် ဆွေးနွေး ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ လူငယ်ဆိုတာ မိသားစုတစ်ခုရဲ့မျှော်လင့်ချက်၊ တိုင်းပြည် တစ်ခုရဲ့အနာဂတ်၊ ကမ္ဘာတစ်ခုလုံးကို ပြောင်းလဲနိုင်တဲ့ အလားအလာရှိတဲ့ အဖူးအငုံများဖြစ်ပါ ကြောင်း၊ အရည်အချင်းရှိတဲ့လူငယ်တွေဖြစ်လာဖို့ ပတ်ဝန်းကျင်ကောင်း၊ လေ့ကျင့်ပျိုးထောင်မှု ကောင်းတွေလိုအပ်ပါကြောင်း၊ လူငယ်ဆိုတဲ့ အဓိပ္ပာယ်ဟာ ပေါ့ပါးသွက်လက်ပြီးဖြစ်ချင်တဲ့ အရာကို ပုံဖော်နိုင်နဲ့အရွယ်ဖြစ်ပါကြောင်း၊ လူငယ်ဆိုတာ ရိုးသားမှု၊ ကြိုးစားမှုရှိရမယ်၊ အချိန်ကို အကျိုးရှိရှိ အသုံးချတတ်ရမယ်၊ စိတ်ဓာတ်ခွန်အားအပြည့်နဲ့ နေ့ရက်တိုင်းကို ဖြတ်သန်းနေတဲ့ လူငယ်တွေဖြစ်ရမည်ဖြစ်ပါကြောင်းပြောကြားသည်။ ထို့နောက် စကားဝိုင်းကို ကျင်းပရာ ဆိုက်ခေါင်ကျေးရွာအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူ လေးဦးတို့က “လူငယ်နှင့် ဆိုရှယ်မီဒီယာ၊ လူငယ်နှင့်အားကစား” ခေါင်းစဉ်တို့ဖြင့် ၎င်းတိုဖတ်ရှုလေ့လာထားသည့် စာရေးသူ၏ ဆိုလိုရင်းနှင့် ၎င်းတို၏ အတွေ့အကြုံများ၊ အတွေးခေါ်များကို ကျယ်ကျယ်ပြန့်ပြန့်မျှ ဝေဆွေးနွေးကြပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို အပြန်အလှည် ဆွေးနွေးကြရာ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေအဆင့်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အိအိသန်းက ပြန်လည်ဖြည့် စွက်ဆွေးနွေးပေးခဲ့ကြောင်းသိရသည်။ ဆက်လက်၍ ဆိုက်ခေါင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ ခင်းကျင်းပြသထားသည့် သုတ၊ ရသစာအုပ်၊ စာစောင်များကို ဖတ်ရှုလေ့လာကြပြီး ပလတ်စတစ်အန္တရာယ်၊ မူးယစ်ဆေးဝါး အန္တရာယ်နံရံကပ်စာစောင်များကို စိတ်ဝင်တစားကြည့်ရှုလေ့လာကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး