ဟိုပုံး မေ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပြည်ပသို့သွားရောက် အလုပ်လုပ်ကိုင်မည့်သူများအတွက် ရွှေ့ပြောင်းလုပ်သားများဘေးကင်းလုံခြုံ ရေးအသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်သည်။
အသိပညာပေးဆွေးနွေးပွဲတွင် ရွှေ့ပြောင်းလုပ်သားဗဟိုဌာနမှ ဆရာမ ဒေါ်လှိုင်လှိုင်ထွေးက ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်ရန် စဥ်းစားနေပါက သေချာစဉ်းစားဆောင်ရွက်ရန်၊ ပြည်ပအလုပ်အကိုင်တစ်ခုရရှိပုံ၊ မြန်မာနိုင်ငံတဝှမ်း နိုင်ငံကူးလက်မှတ်လျှောက်ထားနိုင်သည့် နေရာများ၊ ရွှေ့ပြောင်းအလုပ်သမားတစ်ဦး၏ အခွင့်အရေးများ၊ ရွှေ့ပြောင်းအလုပ်သမားတစ်ဦး အနေဖြင့် တာဝန်ဝတ္တရားများ၊ စနစ်တကျချိတ်ဆက် ဆောင်ရွက်ပုံ၊ လုပ်ငန်းခွင်၌ စနစ်တကျ ဘေးကင်းလုံခြုံစွာ အလုပ်လုပ်ရမည့်အခြေအနေများ၊ မြန်မာအစိုးရဌာနများ၊ မြန်မာနိုင်ငံရှိ အစိုရမဟုတ်သည့် အဖွဲ့အစည်းများကိုအကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်းသိရ သည်။ ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူ များက သိရှိလိုသည်များ မေးမြန်းရာတာဝန်ရှိသူများက ပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။ အဆိုပါဆွေးနွေးပွဲသို့ ဟိုပုံးမြိုပေါ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုမှ ဒေသခံပြည်သူလူငယ်များတက်ရောက်ခဲ့ ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့