ဟိုပုံး မတ် ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ တပေါင်းလပြည့်နေ့တွင် ဘုရားဖူးပြည်သူများ၊ ခရီးသွားပြည်သူများအား ကောက်ညှင်းပေါင်း အလှူဒါနပြုလုပ်ခြင်းကို မတ်လ(၂၄)ရက် နံနက် ၁၀ နာရီအချိန်က လွယ်အွန့်ကျေးရွာအုပ်စု၊ ဖာလွိုင်ဘုန်းတော်ကြီး‌ကျောင်းရှေ့ ပြည်ထောင်စုလမ်းမကြီးတွင် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်တို့မှ ဝန်ထမ်းများက တပေါင်းလပြည့်နေ့တွင် ဘုရားဖူးပြည်သူများ၊ ခရီးသွားပြည်သူ များအား ကောက်ညှင်းပေါင်း အလှူဒါနပြုလုပ်ခဲ့ကြောင်းသိရသည်။ အဆိုပါ အလှူဒါနပြုလုပ်နေမှု ကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်၊ ဟိုပုံးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် ဆီဆိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးတို့က ကောက်ညှင်းပေါင်း အလှူဒါနပြုလုပ်နေမှုအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ဟိုပုံးမြို့နယ်တွင် တပေါင်းလပြည့်နေ့ အများပြည်သူရုံးပိတ်ရက်တွင် သမိုင်းဝင် တန်ခိုးကြီးဘုရားများဖြစ်သော သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီး၊ ထမ်းဆမ်းသဘာဝ လိုဏ်ဂူတော်နှင့် ထမ်းဆမ်းရွှေတိဂုံတော်တို့တွင် ဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများ လာရောက်လည်ပတ်ကြပြီး ကုသိုလ်ကောင်းမှုများပြုလုပ်လျက်ရှိကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး