ဟိုပုံး နိုဝင်ဘာ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နာဂပုရသာသနာလင်္ကာရအသင်းမှ ကြီးမှူးကျင်းပသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ (တတိယအကြိမ်မြောက်)နာဂပုရသာသနာလင်္ကာရသာမဏေကျော်စာမေးပွဲကို နိုဝင်ဘာလ(၁၄)ရက် မွန်းတည့် ၁၂ နာရီအချိန်က နောင်တောင်းပရဟိတတပ်ဦး ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းတွင် ဆက်လက်ဖြေဆိုလျက်ရှိကြောင်းသိရသည်။
အဆိုပါစာမေးပွဲတွင် မြန်မာနိုင်ငံအရပ်ရပ်မှ ရဟန်း၊ သာမဏေ၊ သီလရှင်များက ဝင်ရောက်ဖြေဆိုလျက်ရှိပြီး မူလတန်းအဆင့် ရဟန်း၊ သာမဏေ၊ သီလရှင်(၃၅၉)ပါး၊ ပထမအဆင့် ရဟန်း၊ သာမဏေ၊ သီလရှင်(၉၉၇)ပါး၊ ဒုတိယအဆင့် ရဟန်း၊ သာမဏေ၊ သီလရှင်(၃၈၂)ပါး၊ တတိယအဆင့် ရဟန်း၊ သာမဏေ၊ သီလရှင်(၃၄၈)ပါး စုစုပေါင်း ရဟန်း၊ သာမဏေ၊ သီလရှင်(၂၀၈၆)ပါး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး အဆိုပါစာမေးပွဲကို မြန်မာ သက္ကရာဇ် ၁၃၈၅ ခုနှစ် တန်ဆောင်မုန်းလဆန်း(၁)ရက်နေ့မှ (၆)ရက် နိုဝင်ဘာ(၁၃)ရက်နေ့မှ နိုဝင်ဘာလ(၁၈)ရက်နေ့ အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ရပ်နီး/ရပ်ဝေးမှ ဒေသခံပြည်သူ များလည်း အလှူငွေများ ဆက်ကပ်လှူဒါန်းနိုင်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး