ဟိုပုံး စက်တင်ဘာ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများအား သက်သာသောဈေးနှုန်းဖြင့် ကြက်ဥ၊ နွားနို၊ အသား၊ ဟင်းသီးဟင်းရွက်နှင့် စားသောက် ကုန်ပစ္စ္စည်းများ ဖြန့်ဖြူးရောင်းချပေးခြင်းကို ယနေ့ညနေ ၃နာရီခွဲအချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲရုံးတွင် ရောင်းချပေးလျက်ရှိသည်။
ထိုသို့ရောင်းချပေးရာတွင် ဟိုပုံးတပ်နယ်ကွပ်ကဲမှုအောက်ရှိ ‌ကျောင်း၊ တပ်ရင်း/တပ်ဖွဲ့များမှ တာဝန်ရှိသူများက နိုင်ငံ့တာဝန်ထမ်းဆောင်နေသော ဌာဆိုင်ရာဝန်ထမ်းများအား စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်နှင့် သက်သာချောင်ချိရေးကို ရှေးရှု၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသအဆင့်ရုံးမှ ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုဝင်များအတွက် ကြက်ဥ၊ နွားနို၊ ဒိန်ချဉ်၊ ဝက်သား၊ ကြက်သား၊ စားသောက်ကုန်ပစ္စည်းများ၊ တပ်မတော်စက်ရုံ ထုတ်ပစ္စည်းများနှင့် ဟင်းသီးဟင်းရွက်များကို သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိ ကြောင်းသိရသည်။ ဆက်လက်၍ နိုင်ငံ့တာဝန်ထမ်းဆောင်နေသော ဌာဆိုင်ရာဝန်ထမ်းများအား ချက်ပြုတ်စားသောက်မှုကိစ္စရပ်များ တဘက်တလမ်းမှ အဆင်ပြေစေရန်အတွက် မြန်မာနိုင်ငံဆီ ကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှ ဆီတစ်ပိဿာလျှင် (၅၅၀၀)ကျပ်နှုန်းနှင့် ဟိုပုံးမြို့ ဆန်ကုန်သည်များအသင်းမှ ဆန်(၁)ပြည်လျှင် (၂၅၀၀)နှုန်းတို့ကို ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ဖြန့်ဖြူးရောင်းချပေးနေမှုအား တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံ အုပ်ချုပ်‌ရေးအဖွဲ့ဝင်များ နှင့် တာဝန်ရှိသူများက လှည့်လည် ကြည့်ရှုခဲ့ကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး