ဟိုပုံး ဧပြီ – ၁၁
ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့မှ ဟိုပုံးမြို့နယ်အတွင်း အကြမ်းဖက်အဖွဲ့များကြောင့် ထိခိုက် ပျက်စီးမှု ခံစားရသူများအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ဧပြီ ၁၁ ရက် မွန်းလွှဲ ၂ နာရီခွဲက ဟိုပုံးမြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခန်းမ၌ ကျင်းပသည်။
ထောက်ပံ့ပေးအပ်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အကြမ်းဖက်အဖွဲ့အစည်း များကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ကျေးရွာ ၁၆ ရွာရှိ ဘေးသင့်အိမ်ထောင်စု ၃၄၁ စုအတွက် နယ်စပ်ရေးရာဝန်ကြီး ဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့မှ အိမ်ထောင်စု ၃၄၁ စုအတွက် ထောက်ပံ့ငွေ စုစုပေါင်း ၅၁၁၅ သိန်းအားလည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ငွေ စုစုပေါင်း ၁၄၁.၂၁၆ သိန်းအပြင် ကယ်ဆယ်ရေးပစ္စည်း ၁၅ မျိုးပါ ၁၅၀ စုံနှင့် အလူဇင့်သွပ် ၇ ပေ၊ ၁၁,၅၄၅ ချပ်အားလည်းကောင်း ထောက်ပံ့ပေးအပ် သွားမှာဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ဟိုပုံမြို့နယ်၊ မဲနယ်တောင်ဒေသရှိ စံဖူးကျေးရွာ အကြမ်းဖက်ဖြစ်စဉ် စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲဖြစ်စဉ်ကြောင့် ထိခိုက်ပျက်စီးသွားသည့် အိမ်ထောင်စု ၂၉ စုအတွက် တစ်စုလျှင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေ ၅ သိန်း၊ စောင် ၄ ထည်၊ အိပ်ယာခင်း ၂ ထည်၊ ခေါင်းအုံး ၂ လုံး၊ အနွေးထည် တစ်ဦးလျှင် ၁ ထည်၊ Smart အင်္ကျီ တစ်ဦးလျှင် ၁ ထည်၊ သွပ် ၉၀ ချပ်၊ သံ ၃ ပိဿာနှင့် ဆန် ၂ အိတ်အား လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကယ်ဆယ်ရေးပစ္စည်း ၂၂ မျိုးပါ ၁ ပုံး၊ ထောက်ပံ့ငွေ ၂ သိန်းနှင့် ဆန်ရိက္ခာဖိုး တစ်လစာ ၈၈,၂၀၀ ကျပ်အားလည်းကောင်း၊ ရှမ်းပြည်နယ် ကြက်ခြေနီအဖွဲ့မှ မိုးကာတဲ ၂ ခု၊ မီးဖိုချောင်သုံးပစ္စည်း ၁ ပုံး၊ တစ်ကိုယ်ရေသုံးပစ္စည်း ၁ ပုံးနှင့် ခြင်ထောင် ၁ လုံးအားလည်းကောင်း ထောက်ပံ့လှူဒါန်းခဲ့ပါကြောင်း၊ ဇန်နဝါရီလ ၁၂ ရက်နှင့် ၁၃ ရက်နေ့များတွင် ရှမ်းပြည်နယ်အတွင်း ယာယီ တိုက်ပွဲရှောင် မိသားစုပြည်သူများအား လူသားချင်းစာနာထောက်ထားသည့် အနေဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့တို့မှ အိမ်ထောင်စု ၉,၅၃၃ စုအား စားသောက်ကုန်များ လှူဒါန်းနိုင်ရန်အတွက် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ငွေကျပ် ၁၄၁,၆၈၄,၀၀ဝိ/-နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ငွေကျပ် ၁၄၁,၃၂၆,၇၂၅ ၊ စုစုပေါင်း ငွေကျပ် ၂၈၃,၀၁၀,၇၂၅ အား အိမ်ထောင်စု တစ်စုလျှင့် ၂၉,၆၈၇ ကျပ်နှုန်း တန်ဖိုးရှိ ဆန် ၆ ပြည်၊ ဆီ ၂၅ ကျပ်သား ၊ ကုလားပဲ ၂၅ ကျပ်သား၊ ဆား ၁ ပိဿာ၊ ခေါက်ဆွဲခြောက် ၅ ထုပ်နှင့် ကြက်ဥ ၁၀ လုံး လှူဒါန်းနိုင်ခဲ့ပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ်၊ ဧပြီလအထိ တိုက်ပွဲဖြစ်စဉ်များကြောင့် နေအိမ်များမှ ယာယီ စွန့်ခွာသူများအတွက် စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများ အပါအဝင် စုစုပေါင်းငွေကျပ် ၉၄၃,၉၈၄,၀၀ဝိ/- ထောက်ပံ့လှူဒါန်းနိုင်ခဲ့ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဟိုပုံးမြို့နယ်အတွင်း အကြမ်းဖက်အဖွဲ့များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ် ၃၆၇ လုံး အတွက် အချိုးကျ ထောက်ပံ့ငွေ၊ မျိုးစပါးတင်း ၃၅၀၊ လုံခုတ်၊ ပေါင်လင်းဌာနေ ပြည်သူ့စစ်များအတွက် ဆန်အိတ် ၁၈၀ အိတ် တို့ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်မှ ထောက်ပံ့ပေးအပ်ရာ ကျေးရွာတာဝန်ရှိသူများမှ လက်ခံရ ယူ၍ လည်းကောင်း၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလုံရာစခန်းများ ပိတ်သိမ်းရေး ဆိုင်ရာ အမျိုးသားအဆင့်ကော်မတီအဖွဲ့ဝင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖြိုးသန်းမှ နေအိမ် ၃၆၇ လုံး အတွက် အချိုးကျထောက်ပံ့ငွေ ပေးအပ်ရာ ဒုံကောင်ကျေးရွာမှ ဦးမောင်ညွှန့်မှ လက်ခံ၍လည်းကောင်း၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးကြည်မှ ရန်ပုံငွေ၊ အမိုးသွပ်နှင့် ကယ်ဆယ်ရေး ၁၅ မျိုးပါ ပုံများ ထောက်ပံ့ပေးအပ်ရာ စအွန်ကျေးရွာ၊ ယုတ်ပေးကျေးရွာ၊ နမ့်ဟူးကျေးရွာရှိ ပြည်သူများမှလက်ခံ၍ လည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်မှ ဘေးသင့်ပြည်သူ ၂၇၁၄ ဦး အတွက် ဆန်အိတ် ၃၉၆ အိတ် ထောက်ပံ့ပေးအပ်ရာ လွယ်ဝိုးတုတ်ကျေးရွာမှ တာဝန်ရှိသူ တစ်ဦးမှ လက်ခံ၍ လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးမှ ထောက်ပံ့ပေးသော မီးဖိုချောင်သုံး သီးနှံပစ္စည်းများအား တပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းနိုင်မှ ထောက်ပံ့ပေးအပ်ရာ ပန်လျန်းကျေးရွာမှ တာဝန်ရှိသူ တစ်ဦးမှ လက်ခံရယူပြီး ကျေးရွာနေပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်းနှင့် ဟိုပုံးမြို့နယ်အတွင်း အကြမ်းဖက် အဖွဲ့အစည်းများကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ကျေးရွာများအား ပထမအကြိမ်နှင့် ဒုတိယအကြိမ် စုစုပေါင်း ထောက်ပံ့မှုမှာ ကျပ် ၁၄၉,၇၆၃,၃၆၅ ဖြစ်ကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ၁၃၈၅ ခုနှစ်၊ တောင်ကြီးမြို့ မြန်မာ့ရိုးရာမဟာသင်္ကြန် ပွဲတော် ကျင်းပမည့် ဗဟိုမဏ္ဍပ် ဆောင်လုပ်ပြင်ဆင်နေမှုနှင့် လမ်းလျှောက်သင်္ကြန်ပြင်ဆင်နေမှုတို့ကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး