ဆီဆိုင် ဒီဇင်ဘာ ၁၇

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာလ(၁၇)ရက် နံနက် ၁၁ နာရီ ၄၅မိနစ်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စုတွင် ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/ပြည်နယ်ငွေလုံးငွေရင်း(မူလ)ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် မိုက်တီး-နောင်ဘို ကျေးရွာချင်းဆက်လမ်းအရှည်(4.102Km)အား(9.14m)အကျယ်လမ်းတာချဲ့ရန်နှင့် ဖြတ်မြေလုပ်ငန်း အပါအဝင်(5.48m)အကျယ်အား သဲဗြုန်း(100mm)ထုခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအားကြည့်ရှု စစ်ဆေးခဲ့ပြီး မိုက်တီး-နောင်ဘိုကျေးရွာချင်းဆက်လမ်းပေါ်ရှိ ရှင်းလင်းဆောင်တွင် ဒေသခံ ပြည်သူများနှင့်တွေ့ဆုံသည်။
ရှေးဦးစွာ ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး (မြို့ပြ)ဦးမျိုးမင်းသန့်မှလမ်းဖောက်လုပ်နေမှုအခြေအနေများကိုရှင်းလင်းတင်ပြခဲ့ပြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးတို့က သမဝါယမအသင်းများဖွဲ့စည်းကာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်အခြားကုန်ထုတ်လုပ်ငန်းများ စုပေါင်းဆောင်ရွက်ကြရန်၊ ဒေသခံပြည်သူများ၏ အခက်အခဲလိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း အမှန်တကယ်လုပ်ငန်း လုပ်ကိုင်သူများအတွက် အကျိုးရှိအောင်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ရာ ဒေသခံပြည်သူများက ဒေသအခက်အခဲများကိုအသီးသီးတင်ပြကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဒေသခံပြည်သူများတောင်ဆိုသည့် ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နိုင်ရန် အတွက် သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး