ဆီဆိုင် နိုဝင်ဘာ ၂၅
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့ဝင်များသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးခွန်ရဲထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် အဖွဲ့ဝင်များလိုက်ပါလျက် နိုဝင်ဘာလ(၂၅)ရက် နံနက် ၁၁နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ဝန်ထမ်းများနှင့်တွေ့ဆုံပွဲပြုလုပ်ရာ အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးမြင့်စိုးက အဖွင့်အမှာစကားပြောကြားပြီး ဒုတိယဝန်ကြီးနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က ကယားပြည်နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆီဆိုင်မြို့သို့ လတ်တလောလုံခြုံရေးအခြေအနေအရ ရောက်ရှိနေသောဝန်ထမ်းများကို အားပေးစကားပြောကြား၍ ၎င်းဝန်ထမ်းများအားထောက်ပံငွေများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့ဝင်များသည် ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင်ကျေးရွာအတွင်းရှိ ရွှေမိုင်းစိတ် သဘာဝဓါတ်မြေဩဇာစက်ရုံအတွင်း တစ်ရက်လျင် ဓါတ်မြေဩဇာ(၂၅)Kg (၁၀၀၀)အိတ်နှင့်(၅၀)Kg(၅၀၀)အိတ်ထုတ်လုပ်နိုင်မှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး နောင်မွန် ကျေးရွာအုပ်စု၊ နောင်မွန်ကျေးရွာရှိ ဆင်မယဉ်သာရွှေချမ်းသာစာသင်တိုက်ဝန်းအတွင်း ရွှေပဒေသာ လယ်ယာနှင့်အထွေထွေစီးပွားရေးသမဝါယမအသင်း(လီမိတက်)အသင်းသားများနှင့်တွေ့ဆုံသည်။ တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီး ဦးမြင့်စိုးကအဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ် သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်က မိုးစပါးစိုက်ပျိုးရေး လုပ်ငန်းဆိုင်ရာများကိုရှင်းလင်းတင်ပြပြီးနောက် ရွှေပဒေသာအသင်းသားတောင်သူ(၁၉)ဦးနှင့် ကိုယ်ထူကိုယ်ထဒေသဝက်မွေးမြူသူ(၁၀)ဦးကိုယ်စား နောင်မွန်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမှ မျိုးစပါးတွင်တွင်ကျယ်ကျယ်စိုက်ပျိုး၍ မျိုးစေ့များအားအဆင့်မီထုတ်ပိုးရောင်းချမည်ဆိုပါက တောင်သူများအတွက်ပိုမိုအကျိုးရှိမည်ဖြစ်ကြောင်းတင်ပြရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးခွန်ရဲထွေးက လိုအပ်သည်များကို ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး