တောင်ကြီး            ဇူလိုင်-၂၀
၂၀၂၃ ခုနှစ်  ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း ပူဇော်ပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင်(၂၀) နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ညှိနှိုင်းအစည်းအဝေးတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းနိုင်ရေး အတွက် ယခင်နှစ်များအတိုင်း အောင်မြင်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် သံဃာ(၉၉)ပါးကို ဝါဆိုသင်္ကန်းနှင့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီများ အနေဖြင့် ပူးပေါင်းဆောင်ရွက် ပေးကြရန် ပြောကြားသည်။
ဆက်လက်၍ ဦးစီးလုပ်ငန်းကော်မတီ အတွင်းရေးမှူး ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်းက ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲနှင့် ပတ်သတ်၍ရှင်းလင်းပြီး လုပ်ငန်းကော်မတီများဖြစ်ကြသော အခမ်းအနားကျင်းပရေး နှင့် အခမ်းအနားပြင်ဆင်ရေးလုပ်ငန်းကော်မတီ၊ ဆွမ်းဆက်ကပ်ရေးနှင့် ဝေယျာဝစ္စလုပ်ငန်းကော်မတီ၊ သယ်ယူပို့ ဆောင်ရေးလုပ်ငန်းကော်မတီ၊ သံဃာတော်များ ကြိုဆိုနေရာချထားရေးနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းရေးလုပ်ငန်းကော်မတီ၊ ပင့်လျှောက်ဖိတ်ကြားရေးနှင့် မှတ်တမ်းတင်ရေးလုပ်ငန်းကော်မတီ၊ ကျန်းမာရေးလုပ်ငန်း ကော်မတီ၊ ဘဏ္ဍာငွေကြီးကြပ်ရေးလုပ်ငန်းကော်မတီ၊ လုံခြုံရေးလုပ်ငန်းကော်မတီများမှ ရှင်းလင်းတင်ပြ၍ တက်ရောက် လာသူများမှ အထွေထွေဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး၍ လမ်းညွှန်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
 
ရှမ်းပြည်နယ်အစိုးရအဖွဲ့