လွိုင်လင် ဇန်နဝါရီ -၂၅
လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌဦးကြည်မြင့်(ခရိုင်အုပ်ချုပ်ရေးမှူး)သည် ဇန်နဝါရီလ(၂၅)ရက် နံနက်(၇)နာရီမှစတင်၍ တပ်ရင်းတပ်ဖွဲ့များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ခရိုင်/မြို့နယ်/မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ စုစုပေါင်းအင်အား (၂၂၀)ဦးခန့်ဖြင့် လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့၊ မြကန်သာ ရေကန်ပတ်လမ်း (တံတားအတိုနှင့်တံတားအရှည်ကြား)တွင် သန့်ရှင်းရေးစုပေါင်း ဆောင်ရွက်ခဲ့ ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး