လွိုင်လင် ဇန်နဝါရီ၃
(၇၆)ကြိမ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသား/အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲကို ဇန်နဝါရီလ(၃)ရက် နံနက် ၅ နာရီခွဲအချိန်က လွိုင်လင်ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနရုံးရှေ့၌ ကျင်းပပြုလုပ်သည်။
ယင်းအခမ်းအနားကို လွိုင်လင်တပ်နယ်မှူး ဗိုလ်မှူးချုပ်သန်းထွန်းအောင်၊ လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ ဦးကံစောလှိုင်၊ လွိုင်လင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသိန်းထွဋ်၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်အားပေးခဲ့ပါကြောင်း တင်ပြအပ်ပါသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး