လွိုင်လင် ဖေဖော်ဝါရီ- ၁၂
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားကို ဖေဖော်ဝါရီလ(၁၂)ရက် နံနက်(၆)နာရီတွင် လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကြည်မြင့်သည် လွိုင်လင်မြို့၊ အမှတ်(၂)ရပ်ကွက်၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဘက်စုံသုံး အားကစားခန်းမတွင် ကျင်းပပြုလုပ်သည်။ အဆိုပါအခမ်းအနားသို့ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။
ဆက်လက်၍ နိုင်ငံတော်အလံအလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနားကိုဆက်လက်ကျင်းပရာ လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကြည်မြင့်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သည့် ပြည်ထောင်စုနေ့သဝဏ်လွှာအားဖတ်ကြားခဲ့ကြောင်းသိရသည်။
၎င်းအခမ်းအနားကို ခရိုင်/မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဆုရရှိသူများ စုစုပေါင်းအင်အား (၄၅၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ပိုစတာပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲတို့တွင် ဆုရရှိသူများအား အသီးသီးဆုများ ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး