နောင်တရား ဧပြီ ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တီကျစ်ကျေးရွာအုပ်စု၊ တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓါတ်အားပေးစက်ရုံသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် အဖွဲ့ဝင်များက ယနေ့ နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးသည်။
ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓါတ်အားပေးစက်ရုံရှင်းလင်းဆောင်၌ ပြည်ထောင်စု ဝန်ကြီး ဦးဉာဏ်ထွန်းနှင့် စက်ရုံဝန်ထမ်းများတွေ့ဆုံပွဲတွင် စက်ရုံမှူး ဦးနေဇော်လတ်မှ စက်ရုံလည်ပတ်မှုအခြေအနေအား ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ကိုမှာကြားခြင်း၊ ဝန်ထမ်းများ၏ တင်ပြချက်များ၊ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ခဲ့ သည်။ ထိုနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် စက်ရုံပင်မထိန်းချုပ်ခန်း၏ လုပ်ဆောင်မှုများ၊ စက်လည်ပတ်မှုအခြေအနေများ၊ စက်အမှတ်(၂)ပြုပြင်ဆောင်ရွက်မှု အခြေအနေများ၊ ကျောက်မီးသွေးပြာထုတ်လုပ်မှုအခြေအနေများအား ကြည့်ရူစစ်ဆေးရာ စက်ရုံမှူး ဦးနေဇော်လတ်နှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ကျောက်မီးသွေးမိုင်းတွင်းသို့ ရှောက်ရှိပြီး ကျောက်မီးသွေးမိုင်းရှင်းလင်းဆောင်တွင် မိုင်းတာဝန်ခံ ဦးတင့်ရွှေက ကျောက်မီးသွေးထုတ်လုပ်မှု အဆင့်ဆင့်အား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး