ကျိုင်းတုံ ဖေဖော်ဝါရီ-၄
“လောကသရဖူ” စေတီတော်မြတ်ကြီး၏ ပင်မစေတီတော်အား ရတနာအုတ်မြစ်စီ မင်္ဂလာအခမ်းအနားကို ဖေဖော်ဝါရီလ( ၄ ) ရက် နံနက်( ၈ ) နာရီက ကျိုင်းတုံမြို့၊ လွိုင်မွေအုပ်စု၊ ပန်ကွဲ တောင်ရှိ၊ ဗုဒ္ဓဥယျာဉ်၌ ကျင်းပသည်။
အခမ်းအနားတွင် ဆရာတော်၊သံဃာတော်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး၊ ဗိုလ်ချုပ်စိုးလှိုင်နှင့် ဇနီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် ၊စစ်ဘက် အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဌ၊ ဦးဇော်လွင်ဦးပြည်နယ်ခွဲ့အဆင့်ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသူများ၊ ဒေသခံပြည်သူများက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ခဲ့ပြီး ဘဒ္ဒန္တပညာသာမိထံမှ ငါးပါးသီလခံယူဆောက်တည်၍ သံဃာတော်များမှ သမန္တာစက္ကဝါဠေသု အစရှိသော မင်္ဂလသုတ်၊ ရတနာသုတ်၊ မေတ္တာသုတ်၊ ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာဂုဏ်၊ ပုဗ္ဗဏှသုတ်၊ ပရိတ်တရားတော်များကို ရွတ်ဖတ်ပွားများတော်မူပေးကြသည်။
၎င်းနောက် မင်္ဂလာအချိန်တွင် ဆရာတော် ဘဒ္ဒန္တကောဝိဒ ( အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ) ( ဝစီပိတ် ဆရာတော် ) ဦးဆောင်သော ဆရာတော်ကြီးများ၊ တိုင်းမှူးနှင့် စစ်ဘက်အရာရှိကြီးများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး၊ ဦးမင်းမင်းလွင်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဌ၊ ဦးဇော်လွင်ဦး နှင့် ပြည်နယ်ခွဲအဆင့်ဌာနဆိုင်ရာများ၊ အလှူရှင်များမှ လောကသရဖူစေတီတော်မြတ်ကြီး၏ ပင်မစေတီတော်မြတ်အား ရတနာအုတ်မြစ်တော်စီခြင်း မင်္ဂလာပူဇော်ခြင်းဆောင်ရွက်ကာ ဆရာတော် ဘဒ္ဒန္တပညာသာမိထံမှ နိဗ္ဗာန်ရောက်ကြောင်းတရားတော်မြတ် ကိုနာယူပြီး ဆရာတော်၊သံဃာတော်များအား တိုင်းမှူးနှင့်တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းပေး၍ လှူဒါန်းမှုအစုစုအတွက် တရားနာရေစက်ချအမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု ( ၃ ) ကြိမ်ရွတ်ဆိုဆုတောင်း၍ ရုတ်သိမ်းလိုက်ကြောင်းသိရှိရသည်။
အဆိုပါအခမ်းအနားသို့ သီလဓမ္မ ကုန်းသာတောရကျောင်းတိုက်ဆရာတော် ပဓာနနာယကဆရာတော် ဘဒ္ဒန္တကောဝိဒ ( အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ) ( ဝစီပိတ် ဆရာတော်) ဦးဆောင်၍ တည်ထားကိုးကွယ်မည့် စေတီတော်အား တူယားကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပညာသာမိ ( ပြည်နယ်သံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဏိတ ) ဦးဆောင်သော ပင့်သံဃာတော် ( ၉ ) ပါး၊ ပြည်နယ်ခွဲအဆင့်ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသူများ၊ ဒေသခံပြည်သူများနှင့်အတူတက်ရောက်ခဲ့ကြသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး