လားရှိုး ဇွန်-၉
လူကုန်ကူးမှုဆိုင်ရာ အသိ ပညာပေးဟောပြောပွဲ ကျင်းပရာအခမ်းအနားကို ဇွန်လ(၉) ရက်၊ နံနက် (၁၀) နာရီ၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ (မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးဇော်နိုင်ဦးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အတွင်းရေးမှူးအမှတ်(၁၆) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(လားရှိုး)မှ ရဲမှူးဝင်းညွန့်၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်ထွန်းအေး နှင့် အမျိုးသမီးရေးရာအဖွဲ့၊ ဥက္ကဋ္ဌ ၊ ဒေါ်အေးအေးမွန် တို့မှPower Point ဖြင့် တက်ရောက်လာသူများအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေနှင့် စပ်လျဥ်းသည့် ဥပဒေအသိပညာများ ဆွေးနွေးပြောကြားခဲဲ့ပြီး လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဆိုင်ရာလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်းနှင့် အခမ်းအနားသို့ စုစုပေါင်း (၃၀)ဦး တက်ရောက်ခဲ့ပါကြောင်း သိရှိရပါသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့