လွိုင်လင် ဇွန်-၁၅
လွိုင်လင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဇွန်လ(၁၅) ရက် ၊ နံနက် ၁၁ နာရီတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်း၌ ကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ်၊ ဘက္ကရီးအစ်နေ့ပြုလုပ်နိုင်ရေးနှင့် ကျွဲ၊နွားများသတ်ဖြတ်ရာတွင် စည်းကမ်းချက်များနှင့်အညီဆောင်ရွက်စေရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးသိန်းထွဋ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ဗလီ ဂေါပကများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့