လားရှိုး မေ-၂၉
လားရှိုးမြို့နယ်အတွင်းမှ မိမိသဘောဆန္ဒအလျောက် စစ်မှုထမ်းဆောင်မည့် အမျိုးသားများအား တွေ့ဆုံအားပေးစကား ပြောကြားခြင်းအခမ်းအနားကို မေလ(၂၉)ရက်၊ နေ့လယ် (၁) နာရီတွင် လားရှိုးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဥက္ကဋ္ဌ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦး၏ လမ်းညွှန်မှုဖြင့် အဖွဲ့ဝင်များသည် ပြည်သူ့စစ်မှုထမ်းအမှတ်စဉ်(၃)အတွက် လားရှိုးမြို့နယ်အတွင်းမှ မိမိသဘောဆန္ဒအလျောက် စစ်မှုထမ်းဆောင်မည့် အမျိုးသား(၅၀)ဦးအား တွေ့ဆုံအားပေးစကား ပြောကြားခဲ့ပြီးနောက် လိုအပ်သော ဆေးစစ်ဆေးခြင်းများ ဆောင်ရွက်ရန်အတွက် နေ့လည်(၂)နာရီ တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ အမှတ်(၄)တိုက်ပွဲဝင်စည်းရုံးရေး သင်တန်းကျောင်းသို့ ပို့ဆောင်ပေးခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့