နောင်တရား ဇွန်-၈
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် စိုက်ပျိုးရေးလုပ်ငန်းရှင်များ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ စိုက်ပျိုးရေးလုပ်ငန်းရှင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ဇွန်(၇)ရက် နံနက်(၉)နာရီခွဲက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ နောင်တရားမြို့တွင် လက်ဖက်အချိုခြောက်စက်ရုံနှင့် သစ်သီးအခြောက်ခံ စက်ရုံ(နောင်တရား)သို့ သွားရောက်ကြည့်ရှု လေ့လာကြကြောင်း သိရသည်။
လက်ဖက် အချိုခြောက် စက်ရုံနှင့် သစ်သီး အခြောက်ခံစက်ရုံ အခြေအနေများနှင့် ပတ်သက်၍ စက်ရုံမှူး ဦးခွန်ဇော်မှ ရှင်းလင်းတင်ပြပြီး လက်ဖက်အချိုခြောက်နှင့် သစ်သီးအခြောက်နှင့် ပတ်သက်၍ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးလွင်က ရှင်းလင်း၍ တက်ရောက်လာသည့် စိုက်ပျိုးရေးလုပ်ငန်းရှင် များမှ သိရှိလိုသည်များကို မေးမြန်းကြကြောင်း သိရသည်။
ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ လေ့လာသူ စိုက်ပျိုးရေးလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူတို့သည် စက်ရုံရှိ သစ်သီးအခြောက်ခံ အဆင့်ဆင့် ဆောင်ရွက်နေမှုနှင့် လက်ဖက်အစိုမှ အခြောက်ခံပြီး အချိုခြောက်အမှုန့်များ ထွက်ရှိ လာမှုကို လေ့လာလှည့်လည် ကြည့်ရှုကြကြောင်း သိရသည်။
လက်ဖက်အချိုခြောက် စက်ရုံနှင့် သစ်သီးအခြောက်ခံစက်ရုံတွင် နောင်တရားဒေသ၊ ပင်လောင်းဒေသနှင့်အနီး ပတ်ဝန်းကျင်ဒေသတို့တွင် ထွက်ရှိသည့် သစ်သီးများအား အခြောက်ခံ၍ အသီးခြောက်ပြုလုပ်ပြီး ပြည်တွင်းပြည်ပ ဈေးကွက်အတွင်း အဆင့်မြင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ရောင်းချနိုင်ရန် ရည်ရွယ်ပြီး ထွက်ရှိလာသော သစ်သီးများ အား အချိန်ကာလသတ်မှတ်ချက်ဖြင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရသဖြင့် လေလွင့်ဆုံးရှူံးမှု မရှိစေရန်အတွက် အသီးခြောက်ခံစက်ရုံအား တည်ဆောက်၍ ဒေသဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ ၎င်းဒေသများတွင် သရက်သီး၊ လိမ္မော်သီး၊ ထောပတ်သီး၊ နာနတ်သီး၊ ဌက်ပျော်သီး စသည်များ ထွက်ရှိပြီး ဒေသထွက်သစ်သီးများအား ပင်လောင်း၊ အောင်ပန်း၊ တောင်ကြီးနှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချသော်လည်း အနီးဆုံးဖြစ်သော ပင်လောင်းမြို့သို့ အဓိက အားထား တင်ပို့ရောင်းချကြောင်း သိရသည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့၊ လေ့လာသူ စိုက်ပျိုးရေးလုပ်ငန်းရှင်များသည် အာလူးအအေးခန်း သိုလှောင်ရုံ (နောင်တရား) အား လေ့လာကြပြီး အားလူသမိုင်းနှင့် ပတ်သက်၍ နောင်တရား အာလူးအသင်း ဥက္ကဋ္ဌ ဦးခွန်ဆန်းဦးမှ ရှင်းလင်းပြီး နောင်တရား သဘာဝမြေသြဇာစက်ရုံ တည်ဆောက်ရေး လုပ်ငန်းများ လေ့လာကြည့်ရှုကြ၍ အာလူးတစ်ရှူးGreen House မျိုးပွားသုတေသနခြံ တည်ဆောက်ရန် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ လေ့လာသူ စိုက်ပျိုးရေးလုပ်ငန်းရှင်များက ပန္နက်ရိုက်ပေးကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ရင်းနှီးမတည်ငွေ ကျပ်သိန်း(၅၀၀)ကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ပေးအပ်ရာ နောင်တရား အာလူးအသင်း ဥက္ကဋ္ဌဦးခွန်ဆန်းဦးမှ လက်ခံရယူ သည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့၊ တာဝန်ရှိသူများသည် နောင်တရား အခြေခံပညာအထက်တန်း ကျောင်း၊ တီကျစ် အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား သွားရောက်ကြည့်ရှု အားပေးစကား ပြောကြား၍ ကျောင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးများမှ လက်ခံရယူကြကြောင်း သိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ လေ့လာသူများသည် တီကျစ်မြို့ရှိ နဂါးဘိလပ်မြေစက်ရုံသို့ သွားရောက်ကြည့်ရှူရာ နဂါးဘိလပ်မြေစက်ရုံ ဒါရိုက်တာဦးမင်းသိမ်းထိုက်မှ စက်ရုံနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြား၍ စက်ရုံအား လှည့်လည် ကြည့်ရှူကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့