တောင်ကြီး သြဂုတ် – ၂
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စား လိုစိတ်ထန် ထက်သန်စွာဖြင့် စွမ်းစွမ်း တမံထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ဝန်ထမ်းမိသားစုများက စားသောက်ဖွယ်ရာများကို ပေးပို့လှူဒါန်းလျက်ရှိသည်။
နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့်
လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ထမ်းမိသားစုများက စေတနာ၊ မေတ္တာအပြည့်ဖြင့် စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်းနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်စိုးရအဖွဲ့ရုံးမှ ဝန်ထမ်းများ၊ ပြည်နယ်စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများ၊ ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဝန်ထမ်းများက စားသောက် ဖွယ်ရာများ ပြင်ဆင်ထုတ်ပိုးနေမှုများကို သြဂုတ်(၂) မွန်းလွဲ(၁)နာရီခွဲက ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူတို့ကလို က်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ထမ်းမိသားစုများက ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များအတွက် ခေါက်ဆွဲခြောက်(၅၀၀၀)၊ ငါးသေတ္တာ(၃၀၀၀)၊ ကော်ဖီမစ်(၅၀၀၀)၊ သီးစုံဓါတ်ဆားထုတ်(၅၀၀၀)၊ ပဲပုတ် ကြော်(၂၀၀၀)၊ ငါးကလေးကြော်(၂၀၀၀)၊ ဆေးလိပ်အထုတ်(၁၀၀၀) ၊လက်ဖက်ထုတ်(၅၀၀၀)၊ ချိုချဥ်အထုတ်(၁၀၀၀)၊ ချောင်းဆိုးပျောက်ဆေး(၃၀၀၀)၊ မဟာဖြေဆေး(၃၀၀၀)၊ ငါးပိထောင်း(၅၀၀၀) နှင့်(၁၂)မျိုးပါအထုတ်(၁၀၀၀)တို့ကို ပေးပို့
လှူဒါန်းသွားမည် ဖြစ်ကြောင်းသိရှိရသည်။
အဆိုပါ စားသောက်ဖွယ်ရာများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တပ်မတော်လေယာဥ်၊ ရဟတ်ယာဥ် များဖြင့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက်ပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး