တောင်ကြီး ဧပြီ-၂၃
ရှမ်းပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း
ညှိနှိုင်းအစည်းအဝေး အမှတ်စဥ်(၄/၂၀၂၄)နှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့သော ကျပ် ၈ ဘီလီယံနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ(၂၃)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ရှမ်းပြည်နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများအတွက် လိုအပ်သော မတည်ရင်းနှီးငွေများကို ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပံ့ပိုးမှုတစ်ရပ်ဖြစ်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ထောက်ပံ့ငွေများ ထုတ်ချေးပေးနေမှုအပေါ် ဆောင်ရွက်ထားရှိမှု၊ ဆောင်ရွက်ဆဲကိစ္စရပ်များနှင့် ဆက်လက်ပြီး ဘယ်လိုကဏ္ဍများပေါ် အောင်မြင်အောင် မည်ကဲ့သို့ဆောင်ရွက်မည်ဆိုသည့် အစီအမံများ ဒေသဖွံ့ဖြိုးတိုးတက်အောင် အစီအစဥ်များ မည်ကဲ့သို့ရေးဆွဲဆောင်ရွက်ရန်အတွက် ညှိနှိုင်းလိုသည့်အတွက် ယခုလို အေဂျင်စီအဖွဲ့ဝင်နှင့် တွေ့ဆုံပြီး အစည်းအဝေးပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးဦးခွန်သိန်းမောင်က ရှမ်းပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြပြီး၊ ပြည်နယ်စက်မှုကြီးကြပ်နှင့် စစ်ဆေးရေးဦးစီးဌာန၊ ဦးစီးမှူး ဦးမျိုးလွင်က ရှမ်းပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်းက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ၈ ဘီလီယံနှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေအား ရှင်းလင်းပြီး မြန်မာစီးပွားရေးဘဏ်၊ ပြည်နယ်မန်နေဂျာ ဦးအောင်မျိုးထွန်းက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ၈ ဘီလီယံနှင့်ပတ်သက်၍ ဘဏ်လုပ်ငန်းဆောင်ရွက်မှုအခြေအနေအား ရှင်းလင်း တင်ပြ၍ ပြည်နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကြီးကြပ်မှုကော်မတီ နှင့် စီမံကိန်းကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များမှ ဆွေးနွေးကြပြီး တက်ရောက်လာသူများမှ အထွေထွေ ဆွေးနွေးကာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး၍ လမ်းညွှန်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး