တောင်ကြီး သြဂုတ်-၂
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး တွင်တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအား ထောက်ပံ့ပေးအပ်ပွဲကို သြဂုတ်(၂)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ထောက်ပံ့ပေးအပ်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဌာနအားလုံးနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ထိစပ်ပူးပေါင်း ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင်လည်း အားလုံးပေါင်းစပ်ဆောင်ရွက်မှသာ အောင်မြင်မှုရရှိမည် ဖြစ်ကြောင်း၊ (၆)လတာ ကာလအတွင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပူးပေါင်း၍ဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ဝန်ထမ်းများအခက်အခဲရှိပါက တင်ပြပေးကြရန်နှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်အစိုးရရုံး၏ လုပ်ငန်းများကို ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ထမ်းများအား စားသောက်ဖွယ်ရာပစ္စည်းများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ပေးအပ်ကြရာ သက်ဆိုင်ရာဝန်ထမ်းများမှ အသီးသီးလက်ခံရယူကြကြောင်း သိရသည်။
အဆိုပါ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား စားသောက်ဖွယ်ရာဖြစ်သော ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ကြက်ဥ၊ ငါးသေတ္တာ၊ကုလားပဲတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး