တောင်ကြီး ဩဂုတ်၂၁
ရှမ်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ရေအရည်အသွေး စောင့်ကြည့်တိုင်းတာခြင်း လုပ်ငန်းများကို ၂၀၂၃ခုနှစ်၊ ဇူလိုင်လတွင် အင်းလေးကန်အတွင်း ရေလယ်ဗိုလ်တဲ၊ ဇရပ်ကြီးရေခြံ၊ အင်းပေခုံနှင့် ဟဲယာရွာမစသည့် နေရာ(၄)နေရာ နှင့် တောင်ကြီးမြို့ပေါ်ရှိ ရေထွက်ဦးနှင့် ရုရှားကန်(၂)နေရာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရေအရည်အသွေး စောင့်ကြည့်တိုင်းတာရာတွင် U53G (onsite) ဖြင့် pH,pH(mV), Oxidation Reduction Potential, Electrical Conductivity, Turbidity, DO,TDS, Salinity, Sea Water Specific Gravity, Depth, Tempersture စသည့် parameters (၁၁)မျိုးနှင့် Ammonia,Aresnic, Cadmium, COD, Chlorine, Copper, Cyanide, Iron, Lead, Nickel, Phenol,Sulfide,TP,TN, TSS,Zinc စသည့် Laboyratory Parameter (၁၆)မျိုးအား လစဉ်တိုင်းတာလျက်ရှိပြီး ၂၀၂၃ခုနှစ် ဇူလိုင်လအတွင်း ရေအရည်အသွေး ရလဒ်အရ အင်းလေးကန်အတွင်း နေရာ(၄)နေရာတွင် Total Phosphorus (TP) ပါဝင်မှုမှာ သတ်မှတ်တန်ဖိုးများထက် အနည်းငယ်ကျော်လွန်ကြောင်း၊ ဇရပ်ကြီး (စိုက်ပျိုးရေးရေခြံ)နေရာတွင် CODနှင့် ရေလယ်ဗိုလ်တဲနေရာ တွင် Phenolပါဝင်မှုများမှာ Standard တန်ဖိုးများထက် အနည်းငယ်ကျော်လွန်နေကြောင်းကို တွေ့ရှိရပါကြောင်း၊ တောင်ကြီးခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တောင်ကြီးမြို့ပေါ်ရှိ ‌ရေပေးဝေရေးဆောင်ရွက်နေသော သဘာဝရေထွက်၊ ရေထိန်းကန်၊ ဆည်တမံ (၆)နေရာအား Onsite (U53G)ဖြင့် တိုင်းတာရာ ရလဒ်များမှာ US EPA Standard အတွင်းရှိပြီး ပါမိုးနဲ (ဘဲဥကန်)တွင် PH Levelမှာ (8.99)ဖြစ်ပြီး ထုံးဓာတ်ပါဝင်မှုများနေကြောင်း သိရသည်။
လွိုင်လင်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လွိုင်လင်မြို့ပေါ်ရှိ လူနေရပ်ကွက်များသို့ ‌ရေပေးဝေနေသော ကူချိုးရေထွက်နှင့် မြကန်သာရေကန်နေရာတို့အား Onsite (U53G)ဖြင့် တိုင်းတာရာ ရလဒ်များမှာ US EPA Standard အတွင်းရှိသည်ကို တိုင်းတာရရှိပါကြောင်း၊ တာချီလိတ်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာချီလိတ်မြို့နယ်၊ မယ်ခေါင် ရပ်ကွက်ရှိ မယ်ခေါင်ချောင်း၊ မယ်ယန်းကျေးရွာအုပ်စုရှိ မယ်ဟုတ်ချောင်း၊ ဆန်ဆိုင်း (ခ) ရပ်ကွက်ရှိ မယ်ဆိုင်ချောင်းနှင့် မဲခေါင်မြစ်နေရာ (၄) နေရာတို့အား OnSite (U53G) ဖြင့် တိုင်းတာရာ ရလဒ်များမှာ US EPA Standard အတွင်းရှိပြီး၊ ကျိုင်းတုံမြို့ရှိ နောင်တုံကန်နေရာ၏ ရလဒ်မှာ Dissolved Oxygen (DO) Level သိသာစွာ ‌လျော့နည်းနေကြောင်းတွေ့ရရှိပြီး၊ ကျောက်မဲခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ကျောက်မဲမြို့ အမှတ် (၁) ရပ်ကွက်ရှိ ရေပေးဝေနေသော ရေထွက်ဦးရေကန်နေရာအား OnSite (U53G) ဖြင့် တိုင်းတာရာ ရလဒ်များမှာ US EPA Standard အတွင်းရှိပြီး တိုင်းတာရရှိပါကြောင်း၊ လားရှိုးခရိုင်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လားရှိုးမြို့ရှိ အေဒီချောင်း၊ ဟူးမွန် ဆည်နှင့် ရေကန်တောင်ရေလှောင်ကန်နေရာအား OnSite (U53G) ဖြင့် တိုင်းတာရာရလဒ်များမှာ US EPA Standard အတွင်းရှိပြီး တိုင်းတာရရှိပါကြောင်း သိရသည်။
ရှမ်းပြည်နယ် ဝန်းကျင်လေထုအရည်အသွေး စောင့်ကြည့်တိုင်းတာခြင်းလုပ်ငန်းကို တောင်ကြီးမြို့ ၊ လားရှိုးမြို့၊ တာချီလိတ်မြို့တို့တွင် PM2.5, PM10, SO2, NO2, CO ပါဝင်မှုပမာဏများအား စောင့်ကြည့်တိုင်းတာလျက်ရှိရာ ၂၀၂၃ခုနှစ် ဇူလိုင်လ အတွင်းလေအရည်အသွေးရလဒ်များမှာUS EPA ၏ သတ်မှတ်စံချိန်စံညွှန်းများအတွင်းရှိ ကြောင်းတွေ့ရှိရပြီး ဝန်းကျင်လေထုအရည်အသွေး အညွှန်းကိန်း AQI Level အဆင့် သတ်မှတ်ချက် များအရ Good (ကောင်းမွန်သော) အခြေအနေတွင် ရှိကြောင်း၊
ထိုင်းနိုင်ငံနယ်စပ်မြို့ဖြစ်သည့် တာချီလိတ်ခရိုင်ရုံးအနေဖြင့် လေထုအရည်အသွေး စောင့်ကြည့်တိုင်းတာလျက်ရှိရာ ဝန်းကျင်လေထုအရည်အသွေး အညွှန်းကိန်း Air Quality Index-(AQI) Level အဆင့် သတ်မှတ်ချက်များအရ ပူပြင်းခြောက်သွေ့သောကာလဖြစ်သည့် ဖေဖော်ဝါရီ၊ မတ်၊ ဧပြီနှင့် မေလတွင် Unhealthy နှင့် Unhealthy for Sensitive Groups (အသက်ရှု လမ်းကြောင်းဆိုင်ရာ ရောဂါအခံရှိသူများ ကျန်းမာ‌ရေးထိခိုက်စေနိုင်ခြင်း) အဆင့်သို့ ရောက်ရှိ ကြောင်း၊ ကျန်လများတွင် Good or Moderate (ကောင်းမွန်သော (သို့) အသင့်အတင့်) အခြေအနေသို့ ပြန်လည်ရောက်ရှိသွားကြောင်း တိုင်းတာတွေ့ရှိရကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေ(၂၀၂၁)ဖြင့် “ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ် ညမ်းမှုနှင့် ပတ်သက်၍ လေထုအရည်အသွေးစောင့်ကြည့် တိုင်းတာစစ်ဆေးခြင်းနှင့် ဆန်းစစ်ခြင်း ဆိုင်ရာစီမံကိန်း” အား ဦးစီးရုံးချုပ်နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး စီမံကိန်းကာလမှာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်တွင် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ စီမံကိန်းတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်များမှာ စီမံကိန်းအကြောင်းအရာ မိတ်ဆက်ခြင်းနှင့် ဝန်းကျင်လေထု အရည်အသွေး တိုင်းတာမည့်နေရာများ ရွေးချယ်ခြင်း၊ ဝန်းကျင်လေထုအရည်အသွေးတိုင်းတာရေး စက်ပစ္စည်းများ ဝယ်ယူခြင်းနှင့် သင်တန်း ပို့ချခြင်း၊ ဝန်းကျင်လေထုအရည်အသွေး စောင့်ကြည့်တိုင်းတာခြင်းနှင့် ဆန်းစစ်အကဲဖြတ်ခြင်း လုပ်ငန်းများဆောင်ရွက်မည်ဖြစ်ပြီး လက်ရှိကာလအထိ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မှု အနေဖြင့် ဝန်းကျင်လေထုအရည်အသွေး တိုင်းတာမည့်နေရာများ ရွေးချယ်ခြင်းလုပ်ငန်းအား တာချီလိတ်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ မြေပြင်ကွင်းဆင်းဆောင်ရွက်ခြင်း၊ အတည်ပြုရွေးချယ်သတ်မှတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ စီမံကိန်းတွင် အသုံးပြုမည့် ဝန်းကျင်လေထုအရည်အသွေးတိုင်းတာရေး စက်ပစ္စည်းများ ဝယ်ယူခြင်း လုပ်ငန်းအား တင်ဒါလုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ဒါစိစစ်ရွေးချယ် ဝယ်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး အား ၃၀-၁၂-၂၀၂၃ ရက်နေ့တွင် ဆောင်ရွက်ခဲ့ပြီး (AA Medical Products Limited) မှ တင်ဒါအောင်မြင်ခဲ့ပါပြီး လေထုအရည်အသွေးတိုင်းတာရေး စက်ပစ္စည်းများကို ဌာန မှထုတ်ပေးသည့် မော်တော်ယာဉ်ပေါ်တွင် တပ်ဆင်ပြီး ကုမ္ပဏီမှပစ္စည်း ပေးသွင်းခြင်း၊ စက်ပစ္စည်းများကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းများ ပို့ချခြင်းများ ဆောင်ရွက်ခဲ့ရာ ၂၀၂၃ခုနှစ် ဇူလိုင်လ တွင် တာချီလိတ်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသို့ လွှဲပြောင်းပေးပို့ခဲ့ပြီး စီမံကိန်း သတ်မှတ်တည်နေရာများဖြစ်သည့် ကျိုင်းလပ်မြို့၊ မြန်မာ-လာအို ချစ်ကြည်ရေး တံတားအနီး၊ ဝမ်ပုံ ဆိပ်ကမ်းနှင့် ဖတ်ဟိကျေးရွာနေရာများတွင် ၂၀၂၃ခုနှစ် ဇူလိုင်လမှ စတင်၍ လေထုအရည်အသွေး တိုင်းတာရေးမော်တော်ယာဉ်ဖြင့် တိုင်းတာလျက်ရှိ၍ ရလဒ်များအရ Good ကောင်းမွန်သောအဆင့် (အစိမ်းရောင်) တွင်ရှိပါကြောင်းတိုင်းတာ တွေ့ရှိရကြောင်းသိရသည်။
မြန်မာ−ထိုင်း ဖွံ့ဖြိုးတိုးတက်မှုပူပေါင်းဆောင်ရွက်ရေးအစီအစဉ် (၂၀၂၀−၂၀၂၂) “Myanmar Thailand Development Cooperation Programme 2020-2022” အရ မြန်မာ−ထိုင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သည့် “မြန်မာနိုင်ငံတွင် လေထုအတွင်း PM2.5 ပါဝင်မှုလျှော့ချနိုင်ရေး အတွက် လေထုအရည်အသွေး စီမံခန့်ခွဲမှုမြှင့်တင်ခြင်းဆိုင်ရာစီမံကိန်း” ကို ရှမ်းပြည်နယ်ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးရုံးချုပ်နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး စီမံကိန်း၏ ရည်ရွယ်ချက်မှာ လေထုအတွင်း PM2.5 ညစ်ညမ်းမှုနှင့်စပ်လျဉ်း၍ လေထု အရည်အသွေးစီမံခန့်ခွဲမှုကို မြှင့်တင်နိုင်ရန်၊ ရှမ်းပြည်နယ်၏ PM2.5 ညစ်ညမ်းမှုနှင့် စပ်လျဉ်း၍ အချက်အလက်များရရှိနိုင် စေရန်နှင့် မြန်မာနိုင်ငံ၏ လေထုအရည်အသွေးဆိုင်ရာမူဝါဒများဖွံ့ဖြိုး တိုးတက်စေရန်အတွက် စွမ်းဆောင်ရည်မြှင့်တင်နိုင်ရန်ဖြစ်ကြောင်း၊ စီမံကိန်းတွင် အသုံးပြုမည့် Mobile Air Quality Monitoring Units (၂) ခုအား ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (TICA)မှ ၆−၉−၂၀၂၂ရက်နေ့ လွှဲပြောင်းပေးအပ်ခဲ့ပြီး လေထုအရည် အသွေးတိုင်းတာရေး စက်ကိရိယာများအား ကျိူင်းတုံမြို့၊ အမှတ် (၃) ရပ်ကွက်ရှိ၊ ကျိုင်းတုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရိပ်သာအနီးနှင့် တာချီလိတ်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးရုံး၊ မယ်ခေါင်ရပ်ကွက် တို့တွင်တပ်ဆင်၍ လေထုအတွင်း PM2.5 ပါဝင်မှုပမာဏအား နေ့စဉ်တိုင်းတာ ဆောင်ရွက်လျက်ရှိပြီး တိုင်းတာရရှိသည့် ရလဒ်များအား လစဉ်ပေးပို့တင်ပြလျက်ရှိရာ ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်း တိုင်းတာလျက်ရှိပြီး ရလဒ်များအရ Good ကောင်းမွန်သောအဆင့် (အစိမ်းရောင်) တွင်ရှိပါကြောင်း တိုင်းတာတွေ့ရှိရကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး