ကျိုင်းတုံ ဖေဖော်ဝါရီ-၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၅)ကို ဖေဖော်ဝါရီလ(၁၁)ရက် နံနက်(၁၀)နာရီတွင် ကျိုင်းတုံမြို့၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေး အဖွဲ့ခွဲ (ရှမ်းအရှေ့)ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးဇော်လွင်ဦး မှ အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဗီဒီယိုလုပ်ငန်းစိစစ် ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များမှ မိမိတို့ဌာနနှင့်သက်ဆိုင်သည့် လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြ၍ တက်ရောက်လာသည့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့နှင့် ခရိုင်/မြို့နယ် ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များမှ ၎င်းတို့၏ မြို့နယ်များအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ ဆွေးနွေးတင်ပြကြပြီး ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးဇော်လွင်ဦးမှ ဆွေးနွေးတင်ပြချက်များ အပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခြင်းများ ပြုလုပ်ခဲ့ကြကြောင်းသိရှိရသည်။
၎င်းအစည်းအဝေးသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးဇော်လွင်ဦး သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်/မြို့နယ် ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် အတူ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး