မိုင်းဆတ် ဇူလိုင်-၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ အသံမစဲ ဥပ္ပါတသန္တိကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနား ဇူလိုင်လ(၅)ရက် နံနက်(၁၀)နာရီတွင် ကောင်းမှုလျှံကျောင်းတိုက်၊ ဓမ္မာရုံတွင် ကျင်းပ ပြုလုပ်ခဲ့ပြီး နမောတဿ(၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ကာ ဧည့်ပရိတ်သတ် အပေါင်းတို့က အောင်မင်္ဂလာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသီလဝံသ ထံမှ ငါးပါးသီလခံယူ ဆောက်တည်ခြင်း၊ ကြွရောက်တော်မူလာကြသည့် သံဃာတော်အရှင်သူမြတ်များက ပရိတ် တရားတော်များရွတ်ဖတ် ချီးမြှင့်ခြင်းများေဆာင်ရွက်ခဲ့ပြီး၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဆွေမြင့်နှင့်ဇနီး ဒေါ်ခင်သက်ဝေ၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူး ဦးမျိုးသန့်၊ အမှတ်(၁၄) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးဇင်မင်းထွန်း၏ ဇနီးဒေါ်ခင်ဌေးဌေးနှင့် အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများအသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။
ထို့နောက် ဧည့်ပရိတ်သတ်အပေါင်းတို့က လှူဒါန်းမှုအစုစုတို့အတွက် မြို့နယ်သံဃာနာယက ဥက္ကဋ္ဌ ကောင်းမှုလျှံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဉာဏောဘာသ ထံမှ ရေစက်သွန်းချ အနုမောဒနာ တရားနာယူ၍ ရေစက်သွန်းချအမျှပေးဝေကာ မိုင်းခုတ်မြို့၊ မြို့မကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစန္ဒာဝရမှ ဥပ္ပါတသန္တိကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအထိမ်းအမှတ် အောင်ဂါထာတော် ရွတ်ဖတ်ပူဇော်ခြင်း၊ အောင်ချမ်းသာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကဝိဓဇ က နတ်ပို့ဂါထာရွတ်ဖတ်၍ ပင့်ဖိတ်ထားသော နတ်၊ ဗြဟ္မာများအား ပြန်လည်ပို့ဆောင်ခဲ့ပြီး ဆရာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ်ရွတ်ဆိုကာ ဥပ္ပါတသန္တိကျမ်းမြတ်ပါဠိတော် ရွတ်ဖတ်ပူဇော်ခြင်း အောင်ပွဲအခမ်းအနား ပိတ်သိမ်းခဲ့ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့