တောင်ကြီး ဩဂုတ် – ၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ယနေ့ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေ့၊ ဓမ္မစင်္ကြာအခါတော်နေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၁)ရက်နေ့တွင် ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောင်ထားမှု ကို အလေးထားသောဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ သည် အကျဉ်းထောင်၊ အချုပ်ထောင် စခန်းအသီးသီးတွင် အကျဉ်းသား/သူများကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန် ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်း သတ်မှတ်ချက်ဖြင့် ယင်းတို့ ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်မျာကို လျော့ပေါ့၍ လွတ်ငြိမ်းခွင့် ပေးခဲ့ခြင်း ဖြစ်သည်။
ရှမ်းပြည်နယ်အတွင်းရှိ အကျဉ်းထောင်အသီးသီးမှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်သွားသူ အကျဉ်းသား/သူများအား သက်ဆိုင်ရာ မြို့နယ်အလိုက် တာဝန်ရှိသူများမှ ဆုံးမဩဝါဒစကားအသီးသီးပြောကြား ပြီး အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းများရှိ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများ နှင့်အညီ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း လက်မှတ်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပညာပေးလက်ကမ်းစာစောင်များ ထုတ်ပေးပြီး စားစရိတ်၊ ခရီးစရိတ်တို့အား ပေးအပ်၍ စနစ်တကျ အကျဉ်းထောင်များမှ လွတ်ပေးခဲ့ကြောင်းနှင့် မိသားစုဝင်များ၊ သူငယ်ချင်းမိတ်ဆွေများက ရင်းနှီး ပျော်ရွှင်စွာ လာရောက် ကြိုဆိုကြကြောင်း သိရသည်။
ထိုသို့ လွတ်ငြိမ်းခွင့်ပေးရာတွင် ညောင်ရွှေအကျဉ်းထောင်မှ (၁၇၀)ဦး၊ ကျိုင်းတုံအကျဉ်းထောင်မှ ၉၆၂)ဦး လားရှိုးအကျဉ်းထောင်မှ (၁၀၁)ဦး၊ သီပေါအကျဉ်းထောင်မှ (၂၁)ဦး၊ မိုင်းဆတ်အကျဉ်းထောင်မှ (၉)ဦး၊ တောင်ကြီး အချုပ်ထောင်မှ (၃)ဦး၊ စခန်းအသီးသီးမှ (၈၈)ဦး၊ စုစုပေါင်း (၄၅၄)ဦးတို့ လွတ်မြောက်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး