တောင်ကြီး ဖေဖေါ်ဝါရီ-၁၃
ရှမ်းပြည်နယ်အတွင်း မြို့ကြီးများအတွက် ဓာတ်အားစနစ်ဖြင့် အဓိကလျှပ်စစ်စွမ်းအင်အားဖြည့်ထားသော်လည်း ကျေးရွာများတွင်လျှပ်စစ်လိုအပ်ချက်များစွာ ရှိနေသေးသဖြင့် စက်သုံးဆီများနှင့်အခြားလျှပ်စစ်စနစ်များအပေါ် များစွာမှီခိုနေရသောကြောင့် လျှပ်စစ်ဓာတ်အားပေးစီမံကိန်းများကို ကာလတိုအတွင်း ဆောင်ရွက်နိုင်ပါက ရှမ်းပြည်နယ်အတွင်းကျေးရွာများမှ လျှပ်စစ်ဓာတ်အားလိုအပ်ချက်များကြောင့် အစားထိုးအသုံးပြုနေရသော စက်သုံးဆီသုံးစွဲမှုများအား လျှော့ချနိုင်ရန်နှင့် နိုင်ငံတော်ဓာတ်အားစနစ်တည်ငြိမ်မှုအတွက်လည်း များစွာအထောက်အကူပြုနိုက်ရန်အတွက် ဖေဖေါ်ဝါရီ(၁၃)ရက်နံနက်(၉)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်မ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ ဆိုလာစီမံကိန်းနှင့်ပတ်သက်၍ CAG EngineeringCo.,Ltdကုမ္ပဏီမှ လာရောက်ရှင်းလင်းကြောင်း သိရသည်။
ထိုသို့ရှင်းလင်းရာတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ဆိုလာစီမံကိန်းနှင့်ပတ်သက်၍ CAG EngineeringCo.,Ltdကုမ္ပဏီတာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းရာ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း)တွင် နေအားလျှပ်စစ်စီမံကိန်းများအတွက် မြေဧရိယာ(၁၀၀)ဧကခန့်စီပေါ်တွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု (၃၀)မဂ္ဂါဝပ်ခန့် ထုတ်လုပ်နိုင်ရန် ရှင်းလင်းတင်ပြသည်။
၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ပြည်သူလူထုနှင့် စီးပွားရေးလုပ်ငန်းရှင်များအတွက် လိုအပ်ချက်များ ဆောင်ရွက်ပေးရခြင်းဖြစ်ပြီး သက်ဆိုက်ရာဌာနများကလည်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြရန်၊ ဒေသလိုအပ်ချက်များနှင့် ကိုက်ညီသည့်အတွက် ရုံးလုပ်ငန်းနှင့်ပတ်သက်၍ လိုအပ်ချက်များရှိပါက ဆောင်ရွက်ပေးကြရန် ဆွေးနွေးပြောကြားသည်။
အဆိုပါ CAG EngineeringCo.,Ltdကုမ္ပဏီမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၊ လျှပ်စစ်ဓာအားသွယ်တန်းမှုလုပ်ငန်းများတွင် ရုရှား၊ တရုတ်၊ ထိုင်းနိုင်ငံများမှ နိုင်ငံတကာကုမ္ပဏီကြီးများ၊ State – Own Enterpise များနှင့် နည်းပညာဆိုင်ရာ မိတ်ဖက်ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး နေပြည်တော်ကောင်စီနယ်မြေအတွင်းတွင် Shwe Myoh Solar PowerPlant(၉၀မဂ္ဂါဝပ်) တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောက်ရွက်လျက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်း ပုသိမ်စက်မှုစီမံကိန်းတွင် Solar Power Plant(၃၀မဂ္ဂါဝပ်)ကို အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်းနှင့် ယခုရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း)တွင်လည်း စီမံကိန်းလျာချက် (၃)နေရာလျာလျက်ရှိပြီး (၉၀မဂ္ဂါဝပ်) ဆောင်ရွက်ရန်ရှိကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး