တောင်ကြီး ဖေဖေါ်ဝါရီ-၁၁
၂၀၂၅ခုနှစ်၊၁၃၈၆ခုနှစ်တပို့တွဲလဆန်း(၁၄)ရက်(အင်္ဂါနေ့)ရှမ်းပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော(၁၇)ကြိမ်မြောက်မြန်မာ့ရိုးရာစုပေါင်းထမနဲထိုးပြိုင်ပွဲကိုဖေဖေါ်ဝါရီ(၁၁)ရက်မွန်းလွဲ(၂)နာရီကတောင်ကြီးမြို့၊တောင်ကြီးတက္ကသိုလ်ဘောလုံးကွင်း၌ကျင်းပသည်။
ထမနဲထိုးပြိုင်ပွဲတွင်ရှမ်းပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးစိန်ဝင်းကထမနဲထိုးကျင်းပပြုလုပ်ရသည့်ရည်ရွယ်ချက်များကတော့မြတ်စွာဘုရားရှင်နှင့်ဆရာတော်၊သံဃာတော်များအားလှူဒါန်းရန်၊မြန်မာလူမျိုးတို့၏ယဥ်ကျေးမှုအစဥ်အလာကိုထိန်းသိမ်းရန်၊ပြည်ထောင်စုတိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏စည်းလုံးညီညွတ်မှုအားကိုဖော်ကျူးရန်နှင့်ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့်ဌာနဆိုင်အသီးသီးမှအရာထမ်း၊အမှုထမ်းများ၊လူမှုရေးအသင်းအဖွဲ့များ၊တိုင်းရင်းသားစာပေယဥ်ကျေးမှုအဖွဲ့များ၊မိဘပြည်သူများအားလုံးစည်းလုံးညီညွတ်စွာဖြင့်တစ်သားတည်းရှိနေကြဆိုသည့်ပြယုဂ်တစ်ခုအနေဖြင့်စုပေါင်းထမနဲထိုးပြိုင်ပွဲကိုကျင်းပပေးရခြင်းဖြစ်ကြောင်းပြောကြားသည်။
ဆက်လက်၍ထမနဲထိုးပြိုင်ပွဲကို၊ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးသန်းဦးလွင်၊ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးစိန်ဝင်း၊ပြည်နယ်သယံဇတရေးရာဝန်ကြီးဦးစိုင်လိတ်၊ပြည်နယ်လူမှုရေးရာဝန်ကြီးဦးမင်းမင်းလွင်၊ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးနေဝင်းအောင်တို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးထမနဲထိုးပြိုင်ပွဲအားဒိုင်ချုပ်မှကသေနတ်ပစ်ဖောက်၍ပြိုင်ပွဲကိုစတင်ယှဥ်ပြိုင်ကြကာပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်တာဝန်ရှိသူများသည်ထမနဲထိုးပြိုင်ကိုလှည့်လည်ကြည့်ရှုအားပေးကြသည်။
ထို့နောက်ဆုချီးမြှင့်ပွဲမကျင်းပမီဒေသခံတေးဂီတတီးဝိုင်းများဖြင့်ဖျော်ဖြေတင်ဆက်ကြပြီးဆုချီးမြှင့်ပွဲကျင်းပရာအထူးဆုရရှိသည့်အသင်းများအားဆုတံဆိပ်နှင့်ငွေသားဆုများကိုပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ရှမ်းပြည်နယ်အစိုးရအဖွဲ့၏အတွင်းရေးမှူး၏ဇနီး၊ရှမ်းပြည်နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌ၊ပြည်နယ်ဥပဒေချုပ်၊ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝနကြီး၊ပြည်နယ်လူမှုရေးရေးဝန်ကြီးများတို့ကချီးမြှင့်ပေး၍လည်းကောင်း၊ပဥ္စမဆု၊စတုတ္ထဆုရရှိသောအသင်းအားဆုတံဆိပ်နှင့်ငွေသားဆုကိုပြည်နယ်သယံဇတရေးရာဝန်ကြီးကချီးမြှင့်ပေးပြီးတတိယဆု၊ဒုတိယဆု၊ပထမဆုရရှိသောအသင်းများအားဆုတံဆိပ်နှင့်ငွေသားဆုတို့ကိုနယ်တရားလွှတ်တော်တရားသူကြီးချုပ်တို့ကချီးမြှင့်ပေးကြပြီးတက်ရောက်လာသည့်ဌာနဆိုင်ရာများ၊ဒေသခံပြည်သူများကိုထမနဲများဝေဌပေးကြကြောင်းသိရသည်။
အဆိုပါရှမ်းပြည်နယ်အစိုးရအဖွဲ့ကကြီးမှူးကျင်းပသော(၁၇)ကြိမ်မြောက်မြန်မာ့ရိုးရာစုပေါင်းထမနဲထိုးပြိုင်ပွဲတွင်တောင်ကြီးမြို့ပေါ်ရပ်ကွက်(၂၂)ရပ်ကွက်အေးသာယာ၊ရွှေညောင်မြို့နှင့်ပြည်နယ်၊ခရိုင်၊မြို့နယ်ဌာနဆိုင်ရာ(၇၃)သင်း၊ပါဝင်ယှဥ်ပြိုင်ကြကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး