တောင်ကြီး သြဂုတ်-၃၀
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်တရားလွှတ်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် သြဂုတ်(၃၀)ရက်နံနက်(၆)နာရီက တောင်ကြီးမြို့၊ ရွှေဘုန်းပွင့်စေတီတော်ဘုရားတွင် ပန်း၊ ရေချမ်း၊ ဆီမီးဆက်ကပ်လှူဒါန်းပေး ကြသည်။
ဆက်လက်၍ တောင်ကြီးမြို့ ရွှေဘုန်းပွင့်စေတီဓမ္မာရုံ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော အသံမစဲပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ တက်ရောက်ရာ အခမ်းအနားကို ဆရာတော်၊ သံဃာတော်နှင့် ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်တို့က နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး တောင်ကြီးမြို့၊ သိမ်တောင်ကျောင်းတိုက်မှ အရှင်တိလောက က ရောင်ခြည်တော်ဖွင့်ဂါထာဖြင့် ဘုရားပင့်၍ တောင်ကြီးမြို့စွန်းလွန်းဂူ ကမ္မဋ္ဌာန်းကျောင်းတိုက် ဦးစီးပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ မဟာကမ္မဋ္ဌာနာစရိယ နိုင်ငံတော်သြဝါဒစရိယ ဆရာတော်ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်များ နားယူကြည်ညိုကာ တောင်ကြီးမြို့၊ အောင်မြေဗောဓိ မြရတနာကျောင်းတိုက်မှ အရှင်ဓမ္မိဿရက ပဋ္ဌာန်းတရားနာကြားရန် နတ်၊ဗြဟ္မာများအား ပင့်ဖိတ်သည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများတို့က ဆရာတော်၊ သံဃာတော်များအား လှူဘွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးကြပြီး ရှမ်းပြည်သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ တောင်ကြီးမြို့ သိမ်တောင်ပရိယတ္တ်စာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော်(အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ)ဘဒ္ဒန္တတေဇဝန္တထံမှ လှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရားယူကြည်ညို၍ ရေစက်သွန်းချအမျှပေးဝေးကြသည်။
၎င်းနောက် တောင်ကြီးမြို့ သိမ်တောင်ကျောင်းတိုက် အရှင်မာဏဝကမှပဋ္ဌာန်း အမွှမ်းဖတ်ကြားပူဇော်၍ ဆရာတော်၊ သံဃာများနှင့် ပရိတ်သတ်များအားလုံးက ပဋ္ဌာန်းကစွစယုဒ္ဒေသပါဠိတော်(အကျဥ်း)ကိုရွတ်ဖတ်ပူဇော်ခြင်းနှင့် ပဌာနဘာဏကသံဃာတော်များ ပဋ္ဌာန်းကျမ်းမြတ်ဒေသနာတော်ကို အလှည့်ကျရွတ်ဖတ်ပူဇော်ကြကြောင်း သိရှိရသည်။
အဆိုပါပဌာန်းရွတ်ဖတ်ပူဇော်ပွဲကို သြဂုတ်လ(၃၀)ရက်မှ စက်တင်ဘာလ(၈)ရက်အထိ (၁၀)ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်သွားမည်ြဖြစ်ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့