တောင်ကြီး ဇွန်-၄
ရှမ်းပြည်နယ်အစိုးရအဖွဲ့က ရှမ်းပြည်နယ်လွှတ်တော်ရုံးနှင့် ရှမ်းပြည်နယ်တရားလွှတ်တော်ရုံး ဝန်ထမ်းများအား ဆန်၊ ဆီပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ဇွန်(၄)ရက် မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်လွှတ်တော် ရုံး၌ ကျင်းပသည်။
ထောက်ပံ့ပေးအပ်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် လာရောက်ထောက်ပံ့ ပေးသည့် အပြင် ဝန်ထမ်းများ လိုအပ်ချက်များရှိပါက ပွင့်လင်းစွာ အကြံပြုချက်များ ဆွေးနွေးပေးကြရန် ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်လွှတ်တော်နှင့် ရှမ်းပြည်နယ်တရားလွှတ်တော် ရုံးဝန်ထမ်းများအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က ဆန်၊ ဆီများ ထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာဝန်ထမ်းများမှ အသီးသီးလက်ခံရယူကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများတို့သည် ရှမ်းပြည်နယ်ဥပဒေရုံးသို့ သွားရောက်ကာ ဝန်ထမ်းများနှင့် တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အဖွင့်အမှာစကား ပြောကြား၍ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က ထောက်ပံ့ပစ္စည်းများပေးအပ်ရာ တာဝန်ရှိ ဝန်ထမ်းများမှ အသီးသီးလက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်တို့သည် ယဥ်ကျေးမှုစာကြည့်တိုက်သို့ သွားရောက်၍ မြန်မာစာအုပ်၊ အင်္ဂလိပ်စာအုပ် မဂ္ဂဇင်းနှင့် ပေပုရပိုက်စာများ၊ ကက်တလောက်များ၊ ယဥ်ကျေးမှုပြတိုက်များ ကြည့်ရှုစစ်ဆေးကာ ယဥ်ကျေးမှုစာကြည့်တိုက်အတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ရာ တာဝန်ရှိသူများမှ လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့ ညောင်ဖြူစခန်းရပ်ကွက်ရှိ ရှမ်းရိုးမဘိုးဘွားရိပ်သာအား သွားရောက်ကာ ဘိုးဘွားများ ညစာသုံးဆောင်နေမှုကို ကြည့်ရှုအားပေး စကားပြောကြား၍ ရှမ်းရိုးမဘိုးဘွားရိပ်သာအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က အလှူငွေကျပ်သိန်း(၅၀) လှူဒါန်းပေးအပ်ရာ ရှမ်းရိုးမဘိုးဘွားရိပ်သာ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး တို့မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့