ဟိုပုံး ဇွန်-၁၃
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အလှူရှင်များက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် အတွင်းရှိ ထေရ်ကြီး၊ဝါကြီး ဆရာတော်၊သံဃာတော်(၉၉)ပါးအား ဇွန်(၁၃)ရက် နံနက်(၁၁)နာရီက ဟိုပုံးမြို့ သီရိမင်္ဂလာ ဗိမာန်တော်ကြီး၌ နေ့ဆွမ်းဆက်ကပ်လှူဒါန်းပေးကြကြောင်း သိရသည်။
အခမ်းအနားတွင် ဆရာတော်၊ သံဃာတော်၊ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး အမှူးပြုသော ဧည့်ပရိတ်သတ်တို့က နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ပြီး ဆီဆိုင်မြို့ ဇဝနာရာမစာသင်တိုက် ပဓနနာယကဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ နိုင်ငံတော် ဗဟိုသံဃဝန်ဆောင် ဘဒ္ဒန္တကောဝိဒါ ဘိဝံသ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြ၍ ဆရာတော်သံဃာတော်များချီးမြှင့်အပ်သော ပရိတ်တရား တော်များ နာယူကြသည်။
ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အလှူရှင်တို့က ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ပေးကြပြီး ဆီဆိုင်မြို့နယ် ဇဝနာရာမ စာသင်တိုက် ပဓနနာယကဆရာတော်ကြီးအဂ္ဂမဟာပဏ္ဍိတ နိုင်ငံတော် ဗဟိုသံဃဝန်ဆောင် ဘဒ္ဒန္တကောဝိဒါဘိဝံသ အရှင်သူမြတ်ထံမှ ဆွမ်းအနုမောဒနာတရား နာယူ၍ လှူဒါန်းမှု အစုစုအတွက် ဟိုပုံးမြို့နယ်နောင်တောင်းပရဟိတတပ်ဦးကျောင်းဆရာတော် ဦးရာဇိန္ဒသီရိမှ ရေစက်သွန်းချ အမျှပေးဝေကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့