ဟိုပုံး ဧပြီ-၈
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့တွင် ပြည်သူ့စစ်မှုထမ်း သင်တန်းဖွင့်ပွဲကို ဧပြီ(၈)ရက် နံနက်(၇)နာရီခွဲက တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း စစ်ရေးပြကွင်း၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သိန်းနိုင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တပ်မတော်နည်းပညာနှင့် သိပ္ပံကျောင်းမှ တာဝန်ရှိသူများ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စစ်မှုထမ်းဟောင်းအဖွဲ့များ တက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲတွင် ပြည်သူ့စစ်မှုထမ်း သင်တန်းသားများမှ နိုင်ငံတော်အလံအား အလေးပြုကြပြီး တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သိန်းနိုင်က အဖွင့်မိန့်ခွန်းပြောကြား၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပွံ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းမှ မှတ်တမ်းဓါတ်ပုံများ၊ ပြည်သူ့စစ်မှုထမ်းဆောင် သင်တန်းသားများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကြသည်။
ဆက်လက်၍ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ၊ ဘုရင့်နောင်အားကစားခန်းမ၌ ပြည်သူ့စစ်မှုထမ်း သင်တန်းလက်ခံ ပတ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က နိုင်ငံသားတိုင်း (၁၈)နှစ်မှစ၍ စစ်မှုထမ်းရန် ဥပဒေပြဌာန်းချက်များရှိပါကြောင်း၊ ယနေ့ အခမ်းအနားသည် တစ်နိုင်ငံလုံး အတိုင်းအတာ တစ်ပြိုင်တည်း တစ်ချိန်တည်း ကျင်းပဆောင်ရွက်နေပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းသည့်အတွက် တပ်မတော်နှင့် နိုင်ငံအတွက် အကျိုးရှိပါကြောင်း၊ သင်တန်းသားများကလည်း သင်တန်းကို အောင်မြင်စွာဖြင့် တက်ရောက်ပြီး နိုင်ငံသားတိုင်းအတွက် နိုင်ငံတော်ကာကွယ်ရေးကို ကျရာအခန်းကဏ္ဍမှ ထမ်းဆောင်ပေးကြရန် ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်သူ့စစ်မှုထမ်းသင်တန်းရုံး၊ သင်တန်းသားများ အိပ်ဆောင်၊ ရေချိုးခန်း၊ စားရိပ်သာတို့ကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်း သင်၀ာန်းလက်ခံ ပတ် (၁/၂၀၂၄)တွင် သင်တန်းသား (၄၁၅)ဦး တက်ရောက်ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး