တာချီလိတ် ဧပြီ-၄
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ပြည်နယ်ဝန်ကြီးများ၊ပြည်နယ်ဥပဒေချုပ်နှင့်တာဝန်ရှိသူများသည် ဧပြီ(၂)ရက်မွန်းလွဲဲ(၁)နာရီခွဲက ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့ရှိ လေယာဥ်ကွင်းပြေးလမ်း တိုးချဲ့ဆောင်ရွက်နေမှုကိူ သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်ခန်းမတွင် လေယာဥ်ကွင်းပြေးလမ်းနှင့် ပတ်သက်၍ ဗိုလ်မှူးသိန်းလွင်မှရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များဖြည့်စွက်မှာကြား၍ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်လေယာဥ်ကွင်း ခြံစည်းရိုးကာရံထားမှုတို့ကို ရှင်းလင်း၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လေယာဥ်ကွင်းပြေးလမ်းနှင့် အုတ်တံတိုင်းကာရံထားမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တဓမ္မသီရိ(အဘိဓဇမဟာရဋ္ဌဂုရု၊အဘိဓဇအဂ္ဂမဟာပဏ္ဍိတ၊နိုင်ငံတော်သြဝါဒါစရိယ)၏ အန္တိမ အဂ္ဂိစျာပန လောင်တိုက်တော်ဆောင်ရွက်ထားရှိမှုတို့ကို ပြည်နယ်ဝန်ကြီးဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့်တာဝန်ရှိသူတို့က သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။
ထို့နောက် တာချီလိတ်မြို့၊ မြို့ရှောင်လမ်းဆောင်ရွက်နေမှုနှင့် မယ်ဆိုင်ချောင်းမြေထိန်းနံရံ ဆောင်ရွက်ထားရှိမှုတို့ကို ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သွားရောက်ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာဌာန တာဝန်ရှိသူများမှ ရှင်းလင်းကြပြီး အဆိုပါတာချီလိတ်မြို့ရှောင်လမ်းသည် ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ် မြေသားတာဘောင်၀/၂မိုင်၊အမာခံခင်းခြင်း ၀/၂မိုင်စသည့်လုပ်ငန်းများ(၁၀၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးဖြစ်သဖြင့် ၂၀၂၄ခုနှစ်မတ်လ(၃၁)ရက်နေ့တွင် တာချီလိတ်မြို့ရှောင်လမ်းအားတစ်လမ်းလုံး အမာခံလမ်းအဆင့် အသုံးပြုနိုင်ကြောင်းသိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တာချီလိတ်နဂါးနှစ်ကောင်ဘုန်းကြီးကျောင်းတိုက်ဓမ္မာရုံ၌ မိုင်းဘုန်းဆရာတော်အား လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းပြီး မိုင်းဖုန်းဆရာတော်မှဦးဆောင်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့်ဧည့်ပရိတ်သတ်တို့က နဂါးနှစ်ကောင်ကျောင်းတိုက်ဦးစီးပဓာန၊ နာယကဆရာတော်ဒေါက်တာဘဒ္တန္တဓမ္မသီရိ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြဝါဒါစရိယ)အား ရည်စူး၍ ဘုရားရှိခိုကန်တော့ကာဆုတောင်းမေတ္တာပို့အမျှပေးဝေကြကြောင်းသိရှိရသည်။
အဆိုပါနဂါးနှစ်ကောင်ဆရာတော်အန္တိမအဂ္ဂိစျာပနတွင် ၂၀၂၄ခုနှစ်မတ်လ(၅)ရက်ညတွင် ကမ္ဘ့ာဗုဒ္ဓသာသနာပြု အောက်စဖို့ဒ်ဆရာတော် ဒေါက်တာဘဒ္ဒန္တဓမ္မသာမိ၊ ဧပြီလ(၁)ရက်ညတွင်တောင်တန်းသာသ နုပြုဆရာတော်ဘဒ္ဒန္တသုခမိန္န(စဝ်ဆုခမ်း)၊ ဧပြီလ(၂)ရက်နေ့ညတွင် ဘဒ္ဒန္တပညာသီရ(စဝ်တုပီစိုင်း)၊ (၃)ရက်ညတွင် သီတဂူဆရာတော်ကြီးဒေါက်တာဘဒ္ဒန္တဥာဏိဿရ၊ (၄)ရက်ညတွင် ကမ္ဘောဇတိပိဋကဆရာတော်ဘဒ္ဒန္တဝိရိယာနန္န (နောင်ချို)၊ (၅)ရက်ညတွင် အရညဝါသီ မိုင်းဖုန်းဆရာတော်ဘဒ္ဒန္တဥာဏသံဝရတို့က တရားရေအေးတိုက်ကျွေးဟောကြားတော်မူကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး