တောင်ကြီး ဧပြီ – ၁
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ် နှင့် တာဝန်ရှိသူများသည် ဧပြီ(၁)ရက် မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့၊ အတုလမာရဇိန်ဆုတောင်းပြည့်မြတ်စွာ ဘုရား၊ မြို့လယ်ဓမ္မာရုံတွင် သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော အစိုးရဓမ္မာ စရိယနှင့် ပါဠိပထမပြန်စာမေးပွဲဖြေဆိုနေသော စာဖြေသံဃာများအား သွားရောက်ကြည့်ရှုပြီး စာဖြေသံဃာများကို ကြီးကြပ် နေသော ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္တုပစ္စည်းနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့၊ အမှတ်(၂) အခြေခံပညာအထက် တန်းကျောင်း၌ ကယားပြည်နယ်၊ လွိုင်ကော်စာဖြေဌာနသို့ သွားရောက်ကာ ဆရာတော်ကြီးများအား ဖူးမျှော်၍ လှူဖွယ် ဝတ္တုပစ္စည်းနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းပေးပြီး စာဖြေသံဃာများအား သွားရောက်ကြည့်ရှုကြကြောင်းသိရသည်။
အဆိုပါ ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောခရိုင်၊ လွိုင်လင်ခရိုင်၊ လင်းခေးခရိုင် စာဖြေဌာနတွင် ဓမ္မစာရိယ စာဖြေသံဃာဓမ္မာ၊ ကြီး၊ လတ်၊ ငယ်၊ မူ ဖြေဆို အင်အား (၂၄၇၄) ပါးရှိပြီး လွိုင်ကော်စာဖြေဌာနတွင် ဓမ္မစရိစာဖြေ (၈)ပါးရှိ၍ ၂၀၂၄ ခုနှစ်၊ မတ်လ (၂၈)ရက်မှ ဧပြီလ(၉)ရက်နေ့အထိ ဖြေဆို သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး