တောင်ကြီး မတ်-၂၉
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် မတ်(၂၉)ရက် မွန်းလွဲ(၂)နာရီက ရွှေညောင်မြို့ အမှတ်(၁)တည်းခိုရိပ်သာစခန်းတွင် ပြည်သူ့စစ်မှုထမ်းဆောင်မည့် ပြည်သူများကို သွားရောက်တွေ့ဆုံအား စကားပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စားရိပ်သာ၊ အမျိုးသမီးအဆောင်တို့ကို လှည့်လည်ကြည့်ရှု၍ စစ်မှုထမ်းဟောင်းအဖွဲ့များကိုလည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။
ပြည်သူ့စစ်မှုထမ်းမည့်ပြည်သူများသည် ကလော၊ အောင်ပန်း၊ ရပ်စောက်၊ ကျိုင်းတုံ၊ မိုးင်းဖြတ်မှ လာရောက်ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး