တောင်ကြီး မတ်-၁၇
ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မတ်(၁၇)ရက် နံနက်(၉)နာရီခွဲက တောင်ကြီးမြို့သန့်ရှင်းသာယာလှပရေး၊ မြို့တွင်းလမ်းအန္တရာယ် ကင်းရှင်းရေးအတွက် တောင်ကြီးမြို့အဝင် မြေပုံအနီး အနောက်မြို့ပတ်လမ်း အကွေ့အတက်လမ်းတိုးချဲ့ရန် အများပြည်သူအနားယူအပန်းဖြေသည့် ကြိုးတံတားပန်းခြံရှေ့ ဆိုင်ကယ်၊ ကား ရပ်နားနိုင်ရန် ဆောင်ရွက်မည့်နေရာတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပြီး တောင်ကြီးတက္ကသိုလ် အကွေ့အတက်အဆင်းတွင် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး အတွက် ဓါတ်ကြိုး၊ ဓါတ်တိုင်များနှင့် မလွတ်ကင်းသည့်နေရာများကို ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး