တောင်ကြီး ဇန်နဝါရီ-၂

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ တာဝန်ရှိ သူများသည် ဇန်နဝါရီ(၂)ရက် နေ့လည်(၁၂)နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံကြီး၌ ကျန်းမာရေး ဝန်ကြီးဌာန၊ အစီအစဥ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် အထူးကုဆေးရုံကြီး ကုတင်(၅၀၀) (ရန်ကုန်)မှ ပါမောက္ခ အထူးကု ဆရာဝန်ကြီးများ၏ ဒေသခံပြည်သူများအား အထူးကုဆေးကုသပေးနေမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ရှမ်ပြည်နယ်အစိုးရအဖွဲ့က ပါမောက္ခအထူးကု ဆရာဝန်ကြီးများအား အမှတ်တရလက်ဆောင်များကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ပေးအပ်ရာ ပါမောက္ခအထူးကုဆရာဝန်ကြီးများမှ လက်ခံရယူကြကြောင်း သိရသည်။
စဝ်စံထွန်းဆေးရုံကြီး၌ ပါမောက္ခအထူးကု ဆရာဝန်ကြီးများမှ နှလုံးရောဂါဆိုင်ရာများ ကုသပေးခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ကုသပေးခြင်း၊ ဦးနှောက်နှင့်အာရုံကြော ဆေးကုသမှုပေးခြင်း၊ ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်ကုသပေးခြင်း၊ ဆီးချိုနှင့်ဟော်မုန်းဆိုင်ရာ ကုသပေးကြပြီး တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများမှ ခွဲစိတ်မှုများ အရိုးအထူးကု၊ နား၊နှာခေါင်း၊ လည်ချောင်း၊ မျက်စိ၊ ပြန်လည်သန်စွမ်းရေးရောဂါများအား စမ်းသပ်ကုသပ်ပေးကြကြောင်း သိရသည်။
အဆိုပါ စဝ်စံထွန်းဆေးရုံကြီး၌ ပါမောက္ခအထူးကု ဆရာဝန်ကြီးများမှ အထူးကုဆေးကုသပေးမှုတွင် ၂၀၂၄ခုနှစ် ဇန်နဝါရီ(၂)ရက်နေ့တွင် လာရောက်စမ်းသပ်ကုသမှု ပြည်သူ(၃၀၃)ဦးရှိပြီး ဇန်နဝါရီ(၃)ရက်နေ့အထိ ကုသပေးသွားမည်ဖြစ်ပြီး ဒေသခံပြည်သူများမှ လာရောက်စမ်းသပ် ကုသကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး