ကျိုင်းတုံ ဒီဇင်ဘာ ၂၇
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးသည် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ဒီဇင်ဘာ(၂၇)ရက် နံနက်(၉)နာရီခွဲက ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ် မိုင်းနှုန်းကျေးရွာရှိ မိုင်းနှုန်းဆုတောင်းပြည့်နှီးဘုရားကြီးအား သွားရောက်ဖူးမျှော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ပြီး မိုင်းနှုန်းဆရာတော်အား အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝမ်ခုတ်ကျေးရွာ၌ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးစီးဌာနမှ တာဝန်ယူဆောင်ရွက်ပေးသည့် ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေ ဖြန့်ဝေပေးမှုနှင့် တောင်သူဦးစိုင်းရှဲန်၏ ဆောင်းသီးနှံ စံပြကြက်သွန်ဖြူ စိုက်ခင်းအား ကြည့်ရှုပြီး ဒေသခံစိုက်ပျိုးရေးတောင်သူများအား ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးလုပ်ငန်းသုံးဆေးများ ပေးအပ်ခဲ့သည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝမ်ခုတ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းနှင့် ကျိုင်းပင်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတို့၌ ပညာရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့်၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းများသို့ သွားရောက်ကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အစိုးရအဖွဲ့တာဝန်ရှိသူများက ထောက်ပံ့ပစ္စည်းများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြသည်။
ဆက်လက်ပြီး ပြည်န်ဝန်ကြီးချုပ်သည် မိုင်းခတ်- မိုင်းနှုန်း-ကြက်ဥတောင်-မိုင်းပေါက် ဆက်သွယ်ထားသည့် လမ်းအဆင့်မြှင့်တင်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာဌာန တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး